Part 18 ( Unicode )

7.7K 572 13
                                        

" ဟူး .....မောလိုက်တာ "

ဖေဖေပြောပုံအရဆိုရင်တော့ ဒီနားတစ်ဝိုက်မှာဘဲ
ဒါပေမယ့် jungkook တို့ရဲ့ အရိပ်ယောင်ကို
ခုထိမတွေ့ရသေးဘူး
လမ်းများ မှားလာသလား
နေကပူနဲ့ အကျႌလက်ရှည်ကြီးတွေ ဝတ်လာမိတာ
ခုတော့မှားတာဘဲ

လွယ်အိတ်လေး လွယ်ကာ လက်တစ်ဖက်ကလဲ
လက်ဆွဲအိတ်လေး ဆွဲပြီး Taehyung တစ်ယောက် လမ်းလျှောက်နေသည်မှာ ၄၅ မိနစ်လောက်
ကြာမည်ထင်သည်။
ခုထိလဲ ဘာအရိပ်ရောင်မှ မတွေ့ရသေး။
ဖြတ်သွားဖြတ်လာ လူတွေကိုမေးတော့လဲ
ရှေ့ကိုဘဲ ဆက်လျှောက်သွားတဲ့

ယူလာတဲ့ ရေဘူးထဲက လက်တစ်စစ်စာ ရေလေးကို
မော့သောက်ကာ စိတ်ပျက်လက်ပျက်ဖြင့်
ပစ်ထုတ်ပြီး ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။

ဖုန်းဆက်ပြီး မေးရင်ကောင်းမလား
ဟင့်အင်း သူ့ကို အံ့သြစေချင်လို့ လိုက်လာတာကို
ဒီအထိရောက်နေပြီးမှတော့ ဆက်ပြီးသွားရုံပေါ့
ရည်မှန်းထားတာတွေ တစ်ခုမှ အပျက်မခံနိုင်ဘူး။

Taehyung တစ်ယောက် နေပူပူထဲ
ဦးထုတ်ကို မျက်လုံးအုပ်မတတ်ဆောင်းထားပြီး
Mask ကိုလဲ မျက်လုံးမပေါ်ရုံတစ်မယ် တပ်ကာ
ရှေ့သို့သာ ဆက်လျှောက်လာမိသည်။

ရာသီဥတုပူတာကြောင့် ချွေးတွေရွှဲစိုနေလဲ
မတတ်နိုင်။ ထိန်းသိမ်းထားလာသမျှ အပျက်စီးမခံနိုင်ဘူးလေ။

တွေ့ပါပြီး။ သူတို့သွားတုန်းက စီးတဲ့ကားလေး
အပျော်တစ်ဝက်နဲ့မို့လို့လား မသိဘူး
ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကားနားသို့
ခနလေးအတွင်းမှာတွင် ရောက်ခဲ့သည်။
ကားထဲချောင်းကြည့်မိတော့ driver တစ်ယောက်
အိပ်နေသည်ကို တွေ့ရသည်။

" ဒီမှာ ဦးလေးကြီး "

" ဟင်....ဘာလဲ "

" ဒီမှာ ထပါဦး မျက်လုံးလေးလဲ ဖွင့် "

" ဘာလဲဟာ..... "

" ဒီကားက ပရဟိတ လာလုပ်တဲ့ ဆရာဝန်တွေ စီးလာတဲ့ကားမဟုတ်ဘူးလား "

" ဟုတ်တယ်လေ ဘာဖြစ်လို့လဲ "

" ဘယ်သူ့မှလဲ မတွေ့ပါလား "

" သူတို့က ဟိုးကုန်းထိပ်ပေါ်က ရွာမှာ
ကားက ဆက်သွားမရလို့ ရပ်ထားခဲ့တာ "

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now