Part 25 ( Unicode )

7.2K 469 20
                                        

" ဘာကိစ္စ ကျွန်တော့်ကို တွေ့ချင်ရတာလဲ "

" အရင်ကအမှားတွေတွက် ပြန်တောင်းပန်ချင်လို့ပါ
အန်တီမှားခဲ့ပါတယ် "

" နောက်မကျလွန်းဘူးလား အန်တီရယ် "

Yoongi ရဲ့ ခနဲ့တဲ့တဲ့ အမေးကြောင့်
Jimin ရဲ့မိခင်မှာ မျက်စိပျက် မျက်နှာပျက်ဖြင့်

" အချိန်က yoongi အပေါ်မှာဘဲ မူတည်တာပါ
မခွင့်လွှတ်နိုင်ဘူးဆိုရင်တောင် chim ရဲ့
မျက်နှာလေးကိုတော့ ထောက်ထားပြီး..... "

" တော်ပါတော့ အန်တီရယ် ...အရင်ကလဲ
သူ့ကြောင့်ဘဲ ကျွန်တော့်ကို.... "

ပြောနေရင်း အသံတို့တိမ်ဝင်သွားခဲ့တာကြောင့်
အသက်ကို ခပ်ဝဝရှူရင်း

" အန်တီနဲ့ ကျွန်တော် ဒီနေ့မတွေ့ခဲ့ဘူးလို့ဘဲ
သဘောထားလိုက်ပါ ခွင့်ပြုပါဦး "

ပြောပြီးချင်း jimin အမေရဲ့ စာကြည့်ခန်းမှထွက်ရန် တံခါးကို ဆွဲဖွင့်လိုက်တော့
အဖြူအဝါဆက်ထားတဲ့ ကြောင်လေးအား ချီထားကာ
ကျွန်တော့်ကို နားမလည်နိုင်သော မေးခွန်းပေါင်း
များစွားနဲ့ပြည့်နှက်နေတဲ့ jimin ၏ မျက်ဝန်းတို့နှင့်
ဆုံသည်။

" Hyung.... "

သူခေါ်တာကိုလဲ ဂရုမစိုက် တစ်ချက်မှ လှည့်မကြည့်
ဘဲ ထွက်သွားသော hyung နောက်မှ ပြေးလိုက်
ခဲ့ပေမယ့် အချည်းနှီးသာ.......
ကားကို တရကြမ်းမောင်းကာ ထွက်သွားသည့်
Hyung အား ခြံရှေ့မှ တွေတွေကြီး ကြည့်နေမိသည်။

" ဘာတွေဖြစ်ကုန်တာလဲ မေမေကရော .... "

" Hyung ကိုဘာတွေ..... "

အိမ်ထဲသို့သာ အမြန်ပြေးဝင်၍ မေမေ့စာကြည့်ခန်းထဲသို့ ဝင်သွားတော့ စားပွဲခုံပေါ်တွင် မှောက်လျက်သားငိုနေသော မေမေ.....

" မေမေ..... "

" သား jimin.... "

" ဘာလို့ ငိုနေရတာလဲ မေမေရယ်.... "

မေမေ မဖြေ ခေါင်းကိုသာ တသွင်သွင်ခါ၍
ကျွန်တော့်ကိုဖက်ထားလျက် ငိုနေတော့သည်။

" hyung နဲ့ ဘာဖြစ်ကြတာလဲ ပြောပြပါ
မေမေရယ်..... မေမေတို့ တစ်ခုခုကို ဖုံးကွယ်ထား
ခဲ့တာမလား "

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now