Part 10 ( Unicode )

9.3K 692 18
                                        

" ခေါင်းတွေကိုက်ချက်ဘဲ "

ရုတ်တရက်ကြီး alarm ထမြည်တာကြောင့်
လန့်နိုးကာ ထထိုင်မိသည်။
နာရီကြည့်တော့ 8:30

"ညက alarm လဲမပေးထားမိပါဘူး "

နည်းနည်းထပ်အိပ်ချင်သေးတာ
ညကလဲ နည်းနည်းများသွားတာကြောင့်
လူက အရက်နာကျနေသည်
သို့သော် မထ၍ မရ
မျက်နှာသစ် ရေမိုးချိုးကာ
အဝတ်စားရွေးရန် အဝတ်ဘီဒိုကိုဖွင့်လိုက်တော့
မှန်ကနေ မိမိ လည်တိုင်မှ အမှတ်သားအား
မြင်လိုက်တာကြောင့်

" JEON JUNGKOOK !!!!!!!!!!! "

Taehyung ရဲ့ အော်သံကိုကြားသည်နှင့်
ဘာတွေဖြစ်နေပြီလဲဆိုတာ Jungkook လဲ
သိတာကြောင့်
အခန်းထဲမှ ထွက်အပြေး
လှေကားသို့အရောက်
သူ့အခန်းဝကနေပြီး Taehyung မှ

" မင်း မပြေးနဲ့ jungkook
မင်းအသားယူတာများပြီး "

Jungkook လဲ ဘာမှမစဉ်းစားနေတော့ဘဲ အောက်ထပ်သို့ တစ်ချိုးထဲပြေးတော့သည်
Taehyung မှာလဲ နောက်မှ ကြိမ်းဝါးကာ လိုက်လာသည်
Jungkook ခြံထဲရောက်သည်အထိ
ပြေးလိုက်လာသော taehyung
အပေါ်အကျႌမပါတာကြောင့်
Jungkook အရဲစွန့်ကာ အနားကပ်သွားလိုက်ပြီး
Taehyung ကိုယ်လေးအား ဆွဲလှည့်ကာ

" အထဲပြန်ဝင် သူများတွေ့မယ် "

ရုတ်တရက်ဆိုသလို jungkook ရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုတွေကြောင့် taehyung လဲ သူ၏ သန်မာတဲ့လက်တွေကြားထဲ ပါသွားခဲ့ရသည်

" လွှတ်!!!! ခုလွှတ် "

အိမ်ထဲသို့ရောက်တော့ Taehyung ရုန်းတော့မှ သူလဲလွှတ်ပေးလိုက်ကာ

" ဒါဘာလဲ ဒါဘာလဲ!!! မင်းကြည့်စမ်း "

Jungkook ကလဲ မမြင်ချင်ယောင်ဆောင်ကာ
ဟိုကြည့် ဒီကြည့်ဖြင့်

" ဟျောင့် အရူးကွက်မနင်းနဲ့ ဒီကိုကြည့် "

မေးကို ကိုင်ကာ Taehyung သူ့မျက်နှာအား ဆွဲလှည့်တော့ လိုအပ်သည်ထက်ကို ပိုတိုးကပ်လာသော jungkook ကြောင့် Taehyung လဲ တစ်ကိုယ်လုံး အေးစက်လာကာ ရေခဲရိုက်ခံထားရသလို လှုပ်မရဖြစ်နေသည် ပြီးမှ ရှက်ရှက်နှင့် jungkook မေးကို ကိုင်ထားသော သူ့လက်အား ပြန်ဖြုတ်ချကာ တစ်ဖက်သို့လှည့်သွားတော့
မျက်နှာလေးအား အသာလေးဆွဲယူကာ အကြည့်ချင်းဆုံစေသူက jungkook ရယ်ပါ

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now