မနက်ဖန်ဆိုTae မွေးနေ့ရောက်တော့မှာ~
လက်ဆောင်တွေ ဘာတွေပေးတတ်တဲ့အကျင့်မျိုး
မရှိတာကြောင့် ဘာပေးလို့ ပေးရမှန်းမသိ
အကြံအိုက်နေမိသည်။
" ဆရာမ Tae ဘာကြိုက်တတ်မယ်လို့ထင်လဲ "
" ဟင်.....ဆရာက သူ့အမျိုးသားလေ ဆရာက
ပိုသိမှာပေါ့ "
Nurse မလေးပြောတော့လဲ ဟုတ်သား
သို့သော် Tae ကိုကြည့်ရတာ အဘက်ဘက်က
ဖြည့်ဆည်းစရာ ဘာမှထက်မလိုတော့အောင်
ပြည့်စုံနေပြီးသားဆိုတော့ သူဘာပေးပေး
အရာထင်မှာမဟုတ်။
" သိပေမယ့် သူက အကုန်ပြည့်စုံနေတော့
ဘာပေးရမှန်းမသိတာ အ့လိုမျိုး "
" သူက ကျောင်းတက်တုန်းကတော့ ဒီကို
ခန ခန လာပေမယ့် သိပ်မရင်းနှီးဘူးလေ
သူ့အကြောင်းလဲ သိတဲ့အတိုင်းဘဲ..... "
" တကယ်လို့ ဆရာမသာဆို ဘာပစ္စည်းမျိူးပေးမှာ
လဲ ဒီတိုင်းတွေးကြည့်ပေးပါလား ဘယ်လိုမှ
စဉ်းစားမရတော့လို့ ကူညီပါဦး ဆရာမရယ်... "
ထို့နောက် nurse မလေးလဲ
သေသေချာချာတွေးပြီးနောက်
" ကျွန်မကတော့ တွေးမတတ်ဘူး ဆရာ
ဒါပေမယ့် ဆရာနဲ့သူ အိမ်ထောင်ကျပြီးတော့မှ
သူအရမ်း သိသိသာသာ ပြောင်းလဲသွားခဲ့တာ
လူတိုင်းနဲ့ဖော်ဖော်ရွေရွေနေတတ်လာတယ်
အရင်လို မျက်နှာတည်နဲ့လဲ မဟုတ်တော့ဘူး
သူမပြုံးနိုင်တာမဟုတ်ဘူး မပြုံးတတ်ခဲ့တာ
ခုဆို သူ့ကိုကြည့်ရတာ အရင်ကထက် ပိုပြီး
ပျော်ရွှင်တက်ကြွလာတယ်လို့ ခံစားရတယ်
ဟန်ဆောင်မျက်နှာဖုံးတွေလဲမရှိတော့ဘူး
ကျွန်မစိတ်ထင်တော့ ဆရာတစ်ယောက်ထဲကသာ
သူ့အတွက် အကောင်းဆုံးလက်ဆောင်ဘဲလို့
ထင်တယ် ဆရာ...... "
" စကားတွေသိပ်တတ်နေပါလား "
" စကားတတ်တယ်ဆိုတာထက် အချိန်ရရင်
စာတိုလေးတွေလဲ ရေးဖြစ်လို့ပါ ဆရာရယ်...."
Nurse အပြောအား သဘောကျပေမယ့်
လိုချင်တဲ့နေရာကို မရောက်သေးတာကြောင့်
တစ်ယောက်ထဲ အတွေးနယ်ချဲ့နေမိပြန်သည်။
" ummmm.... ဟုတ်ပြီ "
ဆေးရုံဝန်းထဲ jimin ကို အားကိုးတကြီး
ပတ်ရှာနေမိသည်။
ဟော.....တွေ့ပါပြီး အပင်အောက်တွင်ထိုင်နေသော
လူနာတစ်ဦးနှင့် စကားပြောနေသော Min yoongi ဆိုတဲ့လူအား မေးထောင့်ကာ ထိုင်ကြည့်နေသော jimin......။
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
