" noona ဘာလာလုပ်ပြန်တာလဲ "
" မင်းကိုတွေ့ချင်ရုံပါ "
" ကျွန်တော် အပြတ်ပြောပြီးသားလေ "
" ဒါမဲ့ noona မှ မင်းကို မမေ့နိုင်တာ "
Jungkook စုတ်သချက်သပ်လျက်
" မင်းလဲ Taehyung ကိုမချစ်ခဲ့ဘူးမလား "
" ဟုတ်တယ် မချစ်ဘူး "
" ဒါဆို မင်းဘာလို့ noona ကို ဒီလောက်တောင် သူစိမ်းဆန်နေရတာလဲ "
သူမ ပြောရင်း မျက်ရည်တွေကျလာပြန်လာတော့ jungkook မနေနိုင်ပြန်
" noona မင်းကို ဝန်ခံစရာရှိတယ် "
" ပြော..... "
" noona တကယ်တော့ မင်းကိုလမ်းခွဲချင်ခဲ့တာ မဟုတ်ဘူး "
" အဟက် "
" အသုံးမဝင်တော့ဘူး အချိန်တွေနောက်ဆုတ်မရတော့ဘူး ဆိုပေမယ့် ပြောပြချင်တယ် "
" ဆိုပါတော့ "
" တကယ်က noona ဆီကို Taehyung ဆိုတဲ့လူ ရောက်လာတယ် ခု jungkook နဲ့ လက်ထပ်ထားတဲ့သူပေါ့ "
" ဟင် ဘယ်လို ဘယ်လို "
" ဟုတ်တယ် သူမင်းနဲ့ ငွေ ကိုအလဲထပ်လုပ်ခဲ့တယ် noona လဲမငြင်းနိုင်ခဲ့ဘူး ဘာဖြစ်လို့လဲဆိုတော့ အ့ချိန်က မေမေကလဲ ကျန်းမာရေးအခြေနေမကောင်းတော့ noona လဲ ရွေးချယ်စရာမရှိဘူး ဖြစ်ခဲ့လို့ပါ အ့ဒါကြောင့်ပါ noona တောင်းပန်ပါတယ် noona ကို နားလည်ပေးပါ noona တကယ် လမ်းမခွဲချင်ခဲ့ပါဘူး တောင်းပန်ပါတယ် "
ပြောရင်း ရင်ခွင်ထဲတိုးဝင်လာသော သူမအား ကျွန်တော် ဖက်ထားပေးမိသည်။
လုပ်ရက်လိုက်တာ Kim Taehyungရယ်.....
ဒါဆို မင်းက ငါ့ကို ငွေနဲ့ဝယ်ခဲ့တာပေါ့
noona ရဲ့လိုအပ်ချက်နဲ့ အားနည်းချက်ကို အသုံးချပြီး မင်း....
လုပ်ရက်လိုက်တာ
မင်းလဲ ငါတို့ချစ်သူနှစ်ယောက် ခံစားရသလို
ခံစားစေရမယ်
" noona အ့ငွေတွေ ပြန်ဆပ်ပါ့မယ် ခု အလုပ်လဲ ရှိနေပြီလေ မဟုတ်ရင် jungkook ကို ဆက်ချစ်နေရတာ လိပ်ပြာမလုံလို့ပါ "
ရင်ခွင်ထဲကနေ ခေါင်းလေးမော့ကာ ပြောလာသော သူမ
" မလိုပါဘူး noona ရယ် "
ESTÁS LEYENDO
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
