" မင်း ဘာစကားပြောတာလဲ ငါမင်းပြောသလောက် အောက်တန်းမကျဘူး "
" အေးပေါ့ ဘယ်သူခိုးကရော ခိုးပါတယ်လို့ ပြောမှာလဲ "
ဖျန်း........
Jungkook ပါးတစ်ဖက် နွေးခနဲဖြစ်သွားရသည်
" မင်း လွန်နေပြီ Taehyung "
" မင်းကလဲ ငါမလုပ်ခဲ့တာကို လုပ်ပါတယ်လို့ လာမစွတ်စွဲနဲ့လေ ဒီမှာ ငါသူ့ကို ကျောင်းတုန်းက အနိုင်ကျင့်ခဲ့တယ်ဆိုတာ မှန်တယ် အေ မင်းကို အတင်းယူခဲ့တယ်ဆိုတာလဲ ငါဝန်ခံတယ် ခုလဲ ကွာရှင်းခွင့်တောင်းနေတာဘဲ မင်းဘာသာ မကွာပေးတာ ဒါပေမယ့် ငါ မင်းကို ငွေနဲ့ အလဲထပ်လုပ်ပြီးတော့ မဝယ်ခဲ့ဘူး "
" မင်းငါ့ကို ဘယ်လိုသက်သေပြမလဲ "
" ဒါကတော့..... "
" မင်းမပြောတတ်တော့ဘူးမလား "
" မင်းက မင်းချစ်ရတဲ့သူကိုဘဲ ယုံမှာပေါ့ "
" ငါ noona ကို ယုံတာမဟုတ်ဘူး မင်းကို မယုံတာ "
" jungkook မင်း.... "
Jungkook တစ်ယောက် စကားကို အပြတ်ပြောပြီး အိမ်ပေါ်ထပ်သို့သာ တက်သွားသည်
" ဒီမှာ jungkook!!!! ငါ မဟုတ်ဘူး မလုပ်ခဲ့တာတော့ သေချာတယ် အေ မင်းငါ့ကို တောင်းပန်ဖို့သာ ပြင်ထား အမှန်တရားက ကြာကြာဖုံးထားလို့မရဘူး "
Jungkook လဲ တစ်ချက်လှည့်ကြည့်ကာ ဘာမှဆက်မပြောနေဘဲ သူ့အခန်းထဲသာ သူဝင်သွားတော့သည်
" တောက်!!! ဒီမိန်းမ ကတော့..... "
Imn Bora !
နင်ဘာတွေကြံစည်နေတာလဲ
နင်က ထင်ထားတာထက်ကို
ပိုကောက်ကျစ်နေပါလား .............
" ဖေဖေက လွန်လွန်းတယ် ကိုယ်တွေ ဒီမှာလုပ်နေတာဘဲ တစ်လ နှစ်လ ကျော်နေပြီး junior ကြိုဆို ပွဲတွေ ဘာတွေမလုပ်ပေးဘူး ဟို တတ်ယောင်ကား လာမှဘဲ အံ့သြပါ့ "
" Tae Tae ရယ် ခုလဲ တစ်ခါထဲ ပေါင်းလုပ်တယ်ဘဲ မှတ်လိုက်ပေါ့ မဟုတ်လား "
" မရပါဘူး မကျေနပ်တဲ့ အနေနဲ့ အပြတ်ကဲပစ်မှာ "
" အော် ငါက အကောင်းမှတ်လို့ "
Hobi ကဝင်ပြောတော့မှ မျက်စောင်းလေးထိုးကာ
" မသိဘူး ဘယ်လိုဖြစ်ဖြစ် ကဲမှာဘဲ "
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
