Part 7 ( Unicode )

7.8K 683 45
                                    

ဘာဖြစ်မှန်းမသိ.စိတ်တို့မကြည်နေပါ
လူနာကြည့်ပေးတာလဲစိတ်က ဟိုလွှင့် ဒီလွှင့်ဖြင့်
ခေါင်းကြည်အောင်လဲ အကူ nurse ကို သံပရာရည် ဖျော်ခိုင်းကာ သောက်ပြီးသော်လည်း
ရင်တွေပူနေဆဲ ဒါဘယ်လိုခံစားချက်ကြီးလဲ

" Jeon Jungkook ရေ jungkook ရ "

တစ်ယောက်ထဲ ကိုယ့်နာမည်ကိုယ်အော်ကာ ခေါင်းကိုသာ တဗျင်းဗျင်းကုတ်နေမိသည်
Nurse လေးတွေကတော့ ဟိုကြည့် ဒီကြည့်ဖြင့် သူ့ကိုဘယ်လိုထင်သွားသည်မသိ

" ဆရာ လူနာရောက်နေပြီဆရာ "

ထိုင်ခုံတွင် တစ်ရေးမှေးနေတုန်း nurse ရဲ့ အသံကြောင့် သူလဲ မျက်နှာကို tissue ဖြင့်သုတ်ကာ
လူနာကိုသာ အာရုံစိုက်နေလိုက်သည်

သို့သော်...........

" ဒီချိန်ဆို ဟိုနှစ်ယောက် အိမ်မှာဘာလုပ်နေကြမလဲ မသိဘူး "

"ဗျာ... ဆရာ "

" awwn sry ဗျာ ကျွန်တော် ဒီနေ့ နေရတာ သိပ်အဆင်မပြေလို့ ဆရာမရေ ဒီလူနာကို minwoo ဆီသာ လွှဲပေးလိုက်တော့ဗျာ နော် ဒီက အန်ကယ်လ်ကိုလဲ တောင်းပန်ပါတယ် "

အတွေးတွေနဲ့ ပြည့်နှက်ကာ ပါးစပ်ထဲက လွှတ်ခနဲထွက်သွားတာကြောင့် လူနာအား တောင်းပန်လိုက်ရသည် စိတ်ညစ်ညစ်နှင့် စိတ်ညိမ်ဆေးတစ်ဗူးအား ဖောက်ကာသောက်ပြီး မျက်လုံးမှိတ်ကာ နားနေမိသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~

" Tae ငါရောက်နေပြီ "

အရင်လို ဝင်ချင်ဝင် ထွက်ချင်ထွက်လို့မရတာကြောင့် အိမ်တံခါးအရှေ့မှ သူအော်ပြောမိခြင်းဖြစ်သည်
Tae ပြန်မထူးတာမို့ သူဝင်ခဲ့မိသည်
Tae အခန်းအားလိုက်ရှာရင်း အိမ်၏ အပြင်ဆင်များကိုလဲ ကြည့်မိကာ ချီးကျူးမိသည်
ဒီအိမ်က jungkook စိတ်တိုင်းကျ ဆောက်လုပ်ပေးထားတဲ့ အိမ်ဖြစ်နေတာလေ

တွေ့ပါပြီး သူရဲ့သူငယ်ချင်းလေး
ခွေခွေလေ အိပ်ပျော်နေလေရဲ့
ကြည့်ပါဦး tae လေးဆိုတာ ဘယ်လောက်ချစ်စရာ ကောင်းလိုက်သလဲ
မာနလေးနည်းနည်းသာကြီးပေမယ့် အရမ်းဖြူစင်တဲ့ ကလေးပေါက်စနလေးပါ
အမှန်တိုင်းပြောရရင် jungkookနဲ့ လုံးဝ သဘောမတူခဲ့ပါ
ဒါမဲ့ tae က ကျွန်တော်ပြောရင် ဘယ်တုန်းက ရခဲ့ဖူးလို့လဲ

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now