" ကိုယ် ခရီးသွားစရာရှိတယ် ၇ ရက်လောက် ဒါမှမဟုတ် ၅ ရက် ၆ ရက်လောက်ကြာမယ် "
" ဟင်!?? "
ဘာမှဆက်မပြောဘဲ ငြိမ်သက်ကာ ခေါင်းလေးငုတ်သွားသော taehyung ကြောင့် သူလဲ
ဘာဆက်ပြောရမှန်းမသိဘူး
" သိပ်မကြာပါဘူး တစ်ပတ်လောက်ပါဘဲ "
လူက ဒီနေ့ သူနဲ့ စိမ်းသက်သက်ကြီးလိုဖြစ်နေပါတယ်ဆိုမှ ခု သူက ၇ ရက်တစ်ပတ်လောက် ခရီးထွက်မယ်တဲ့လား
မနေတတ်တော့ပါ အရင်ကလဲ အိမ်မှာရှိနေပေမယ့်
မခေါ်မပြောနဲ့က ခုလိုမျိုး တစ်ပတ်လောက်
ပျောက်နေတာထက်စာရင်တော့ ပိုအဆင်ပြေတယ်
သူရှိနေတယ်ဆိုတဲ့ အသိလေးက ပိုအဆင်ပြေတယ်
" တစ်ယောက်ထဲနေရတာအဆင်မပြေရင် jimin နဲ့ hobi ကိုခေါ်ထားပေါ့ မဟုတ်ရင်လဲ မိဘတွေအိမ်ကို ပြန်အိပ်ပေါ့ "
စိတ်ညစ်တယ် မသွားပါနဲ့လို့ ပြောလိုက်ရမလား
မသွားရင် မဖြစ်တဲ့ခရီးမျိုးမို့လို့လား
" Taehyung .....ကိုယ်ပြောတာကြားလား "
" ဟင်..... အွန်း ကြားတယ် "
" မနက်ဖန်ဆိုသွားရတော့မယ် "
" အွန်း "
" အင်း "
တစ်ဖန် တိတ်ဆိတ်သွားပြန်သည်
ငါဘဲအရင် စ ပြောလိုက်ရမလား
မသိတော့ဘူး စိတ်အိုက်လာပြီ
" Tae... "
" ဘယ်သူ... "
ဒီတစ်ခါတွင်တော့ နှစ်ယောက်လုံး ပြိုင်တူ
စကား စ မိတာကြောင့် Jungkook ကဘဲ
" Taehyung က အရင်ပြောပါ "
Taehyung တဲ့ ~
စိတ်ထဲတွင်တော့ သိပ်မကျေနပ်
" ဘယ်သူနဲ့သွားမှာလဲ "
" ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ပါ ဟိုရောက်မှဆုံဖြစ်ဖို့များတယ် ကိုယ်က ဒီကနေ ကိုယ်တိုင်ကား
မောင်းပြီးသွားမှာမို့လို့ "
" အွန်း ဂရုစိုက်မောင်းဦး "
" ဒါနဲ့ ခများရဲ့လူလဲ ပါမှာပေါ့ ကျောင်းတုန်းက
သူငယ်ချင်းတွေနဲ့ဆိုတော့ "
" ကိုယ့်လူက မပါ ဘူးလေ သူက ဘာလိုက်လုပ်မှာလဲ ဖြစ်နိုင်ရင် ခေါ်သွားချင်တာ အိမ်မှာ တစ်ယောက်ထဲ ထားခဲ့ရမှာ စိတ်မချလို့ "
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
