" မေမေရယ် ဘယ်လိုမှမဖြစ်နိုင်တာပါ ကျွန်တော့်မှာ noona ရှိသေးတယ်လေ နောက်တော့ တွဲနေတာလဲ အားလုံးသိတယ် နောက်တော့ နောက်တော့ဗျာ"
မေမေ ဘယ်လိုစိတ်ကူး ဘယ်လိုအတွေးနဲ့ ဒီလိုမျိုးစီစဉ်ရက်ရတာလဲ ကျွန်တော်ဖြင့်လေ ပါးစပ်ကပြောထွက်ဖို့နေနေသာသာ တွေးတောင်မတွေးရဲပါ ဒီလို ကိစ္စ မျိုးဆိုတာက.....
" ဘာဖစ်လဲ နောက်တော့? "
မေမေက ခပ်ပေါ့ပေါ့ လေသံမျိုးဖြင့်မေးလာခြင်းဖြစ်သည်
" ၅နှစ်ကျော်တွဲလာခဲ့တဲ့ ကောင်မလေးကိုဖြတ်ပြီး ဘယ်သူမှန်းမသိတဲ့ ယောက်ျားတစ်ယောက်နဲ့ ကျွန်တော်က ယူရမှာလား မေမေ ကျွန်တော် gay မဟုတ်ဘူးနော် "
မျက်ရည်တွေဝဲလျက် ခပ်ကြိတ်ကြိတ်အသံဖြင့် ဆိုလာသော သားဖြစ်သူအား
" ဘာမသိတာ မင်းဘဲ ငယ်ငယ်က မခွဲပါနဲ့ သူနဲ့ဘဲလက်ထပ်မှာ ဘာညာလုပ်ခဲ့ပြီးတော့ "
" မေမေ စကားကို ကပ်သက်ပြီးမပြောနဲ့ အ့ဒါတွေက ငယ်ငယ်က ပြီးတော့ သူက ငယ်ငယ်က အရမ်းချောပြီး မိန်းကလေးရှုံးတာတော့ ကျွန်တော်လက်ခံတယ် ဒါမဲ့ ခုချိန် သူကဘယ်လိုပုံမှန်း ဘယ်သူမှန်းတောင် ကျွန်တော်မသိတော့ဘူး "
" သူကမင်းကိုသိတယ် "
" သိလဲဘာအရေးလဲ မေမေရာ ကျွန်တော်လက်မခံနိုင်ဘူး ဒီကိစ္စကို ဘယ်လိုမှမဖြစ်နိုင်တာ သူကရော ယောက်ျားချင်း ယူမှာတဲ့လား "
" နှစ်ဖက်မိဘတောင် စကားပြောပြီးပြီး မင်းဘဲကျန်တာ အ့နေ့က သူတို့မိသားစုလာတော့ မင်းမှမရှိနေခဲ့တာ "
" ဒီကောင် ဘာကြီးလဲ နားကိုမလည်တော့ဘူး မေမေ့ကိုရော သူတို့မိသားစုကိုရော "
" နားလည်စရာလဲမလိုဘူး ငါ့ဆုံးဖြတ်ချက်က အတည်ဘဲ Jungkook "
" hrrr မေမေရာ "
" တော်တော့ ခုချိန်မှာ မင်းသူနဲ့ လက်ထပ်ရမယ် ဟိုကောင်မလေးကိုအဆက်ဖြတ် ဒါဘဲ "
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
