Part 22

7.4K 543 23
                                        

ခရီးက​နေ ပြန်​​ရောက်​လာပြီး ​တော်​​တော်​ကြာတဲ့အထိ ​မေ​မေတို့အိမ်​မှာ
တစ်​လှည့်​ jungkook တို့ အိမ်​မှာတစ်​လှည့်
နေဖြစ်​တာများသည်​။

တကယ်​က နှစ်​​ယောက်​သား မလုပ်​တတ်
မကိုင်​တတ်​နဲ့မို့ အိမ်​ထမင်း အိမ်​ဟင်းကို
လွမ်းလွန်းတာကတစ်​​ကြောင်း
အိမ်​နဲ့​ဝေး​နေတာ ကြာပြီမို့ သတိရသည်​ဟုဆိုကာ
မေ​မေတို့နဲ့ ခန​လောက်​သွား​နေမည်​ဟု
အတင်း ပူဆာ​နေ​သော​ကြောင့်​ လိုက်​ပို့​ပေးရခြင်း
ဖြစ်​သည်​။ ဒီ​နေ့ညက​တော့ jungkook တို့
အိမ်​မှာဘဲ ​နေဖြစ်​ကြသည်​။

" ခရစ်​စမတ်​နီး​တော့မှာ ဘာအစီစဉ်​မှမရှိဘူးလား "

ဖေ​ဖေ့စကား​ကြောင့်​ jungkook လဲ

" မသိ​သေးဘူး ​ဖေ​ဖေ Tae ကို​မေးကြည့်​ရဦးမယ်​"

" ​အေးကွာ tae ကိုလဲဂရုစိုက်​ အရင်​က အ​ကြောင်း​တွေ ​မေ့ပြီး ​ရှေ့​လျှောက်​ ​ပျော်​​ပျော်​​နေကြ​ပေါ့ "

" ​ဖေ​ဖေက အရင်​ကအ​ကြောင်း​တွေကို ဘယ်​လိုလုပ်​ပြီး သိ​တာလဲ "

" ဒီလိုဘဲ ​ဖေ​ဖေ​တွေးကြည့်​မိတာ​လေးပါ "

" ဟုတ်​ကဲ့ ခု ကျွန်​​တော်​လဲ Tae အ​ပေါ် အရင်​ကထက်​ ​ကောင်း​အောင်​ကြိုးစား​နေပါတယ်​ "

" ဟုတ်​ပြီကွာ အဆင်​​ပြေတာဘဲ မြင်​ချင်​တာ "

ထိုစဉ်​.......

"ေ​မ​မေ ဒါသက်​သက်​ညစ်​တာ "

" အံမယ်​ ဒါကို ကစားလာတာကြာပြီး jinie တို့
ဘဝတစ်​​လျှောက်​ ဘယ်​တုန်းကမှ ရှုံးလာတာ
မဟုတ်​ဘူး "

" ဘယ်​လို​ပြော​ပြော​လေ ........^|#©@<\´) "

ဧည့်​ခန်းမှ အမျိုးသမီးဖြစ်​သူနှင့်​ သမက်​ဖြစ်​သူတို့၏
အငြင်းပွား​နေကြ​သော အသံကို ကြား၍ namjoon တစ်​​ယောက်​ ​ခေါင်းကိုသာ ခါရင်း

" သား jungkook ​ရေ တို့​တော့ အိမ်​​ထောင်​ကျ
ကံ​ကောင်းလွန်းတယ်​ "

" ​ဖေ​ဖေက​တော့ လုပ်​ပြီး ဟဟ "

ကျွန်​​တော်​နဲ့​ဖေ​ဖေက မီးဖို​ချောင်​တွင်​ အိမ်​က အကူအ​ဒေါ်ကြီးနဲ့အတူ ညစာအတွက်​ ပြင်​ဆင်​​နေကြခြင်းဖြစ်​သည်​။ ပုံမှန်​ဆို ​မေ​မေ က အကူအ​ဒေါ်ကြီးနဲ့
ပြင်​​နေကြဆို​ပေမယ့်​ ​မေ​မေ နဲ့ Tae က
ဘယ်​ချိန်​ထဲ က ညှိထားကြသည်​မသိ။ card ​ဆော့မယ်​ဆိုကာ ဧည့်​ခန်းတွင်​ ​ကျောက်​ချ​ဆော့​နေသည်​မှာ
ညစာအချိန်​ပါ လွန်​​တော့မှာစိုး၍ ​ဖေ​ဖေကဘဲ ညစာ ထပြင်​တာမို့ ကျွန်​​တော်​လဲ မ​နေနိုင်​တာနဲ့ လာဝိုင်း ကူ​နေခြင်းဖြစ်​သည်​။

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now