Part 21 ( Unicode )

8.4K 548 12
                                        

" hyung ...... tae ရော "

အဖွဲ့ထဲက အစ်ကိုလို လေးစားရတဲ့ hyung ကို
မေးကြည့်တော့ ခုနလေးတင် ရှိနေသေးတယ်တဲ့
လိုက်မေးကြည့်တော့လဲ ဘယ်သူမှ သတိမထားမိကြ
တချို့ကလဲ ပြန်ခါနီးမို့ ရွာထဲကလူတွေကို
လိုက်နှုတ်ဆက်နေတာဖြစ်မှာပေါ့လို့ ပြောကြပြန်တယ် ဒါပေမယ့် ပုံမှန်ဆို ပြန်လာသင့်ပြီး မဟုတ်လား

မျက်စိပျက် မျက်နှာပျက်နှင့် bora တစ်ယောက်
သူ့အနားရောက်လာတာမို့ ဒီတိုင်းသာ ကြည့်နေ
လောက်မိသည်။

" jungkook...... "

...........

" Taehyung က noona နဲ့ မင်းကို အထင်လွဲသွားပြီထင်တယ် "

" ဟမ် ဘာဖြစ်လို့လဲ "

" ခုနက မင်းနဲ့ noona နဲ့ စကားပြောနေတာကို
သူတွေ့သွားတယ်လို့ ထင်တယ်
သူ့ကို ရှင်းပြတော့လဲ မရဘူး အတင်းမောင်းထုတ်
နေလို့ အ့ဒါ ...... "

" သူ ခုဘယ်မှာလဲ "

" noona တို့ စီးလာတဲ့ ကားပေါ်မှာ တစ်ယောက်ထဲ သွားထိုင်နေတယ် "

" တစ်ယောက်ထဲလား driver ဦးလေးကြီးရော "

" ခုချိန်ဆိုရင်တော့ ရွာထဲက အိမ်တစ်အိမ်မှာ
  ထမင်း စားနေလောက်မယ် ထင်တယ်
  Noona တို့ လာတော့ သူအ့လိုပြောပြီး
  ထွက်သွားတာဘဲ "

" ဟုတ်ပြီး ကျေးဇူးဘဲ noona ကျွန်တော်
  သွားလိုက်ဦးမယ် "

Jungkook နာရီကြည့်မိတော့ ၈ ထိုးခါနီးနေပြီး
ခုချိန်ဆို အရမ်းမှောင်နေမှာ
သူကြောက်နေတော့မှာဘဲ
မလင်းတလင်း လရောင်လေးကို အားကိုးပြီး
Jungkook အပြေးလေး သွားမိသည်။
Taehyung ရဲ့ ငိုသံ ကို ကြားတာကြောင့်
ကားပေါ်ပြေးတက်သွားပြီး
တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့်
ဒေါသတို့ ထောင်းခနဲ

Minjoon ဆိုတဲ့ကောင်က
Tae လက်တို့ကို ချုပ်ထား၍ Tae နှုတ်ခမ်းတို့ကို
အတင်းသိမ်းပိုက်ယူရင် ကြိုးစားနေခြင်းဖြစ်သည်။

" minjoon မင်း!!!!!!!!! "

ထိုလူအား အကျႌဂုတ်မှ ဆွဲ၍ လက်သီးဖြင့်
မရပ်တမ်း ဆင့်ကာဆင့်ကာ ထိုးနေမိသည်။
မင်းမို့လုပ်ရပ်တယ် အရင်က noona ကိုရော
ခု tae ကိုပါ မင်း အလွတ်မပေးတော့ပါလား

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontМесто, где живут истории. Откройте их для себя