Part - 1 : The Character who transmigrate...

14.5K 1K 69
                                    

Zawgyi

"အင်း..."

နံနက်နိုးချိန်တွင် လက်ကို ဆန့်တန်းကာ သူ ပျင်းကြောအဆန့် သူ့လက်သည် ကုတင်ပေါ်မှ ဖက်ခေါင်းအုံးဟု ထင်ရသည့် အရာတစ်ခုကို ဖုန်းခနဲ သွားရိုက်မိသဖြင့် နီစွေး အိပ်မှုံစုံဖွားဖြင့် မျက်မှောင်ကြုတ်ရတော့သည်။ သူ့ဖက်ခေါင်းအုံးကိုကား သူ ပယ်ပယ်နယ်နယ် ခွထားသည်မို့ သူလက်ဖြင့် ပစ်ရိုက်မိစရာ မရှိ။ ထို့အပြင် တွန်းမိသည့် ဟာကလည်း မာနေသေးသည်။

မပွင့်ချင်သည့် မျက်ခွံတို့ကို အတင်းအားစိုက်ဖွင့်ကာ သူ မည်သည့်အရာကို ပျင်းကြောဆန့်ရင်း ရိုက်မိလေလဲဟု ကြည့်ချိန်တွင် သူမြင်လိုက်ရသည်က မျက်နှာတစ်ခု။

"ဟမ့်!"

မျက်ခွံတို့သည် ပြူးကျယ်ရကာ သူဖက်ခေါင်းအုံးကို ကိုင်အနောက်သို့အဆုတ် ကုတင်စွန်းမှပြုတ်အကျ...

"အား... ကျွတ်... ကျွတ်..."

စောင်ပါးအဖြူနှင့်အတူ ကြမ်းထက်သို့ တလိမ့်ကောက်ကွေးပြုတ်အကျတွင် သူ ခါးလေးကိုင်ကာ စုတ်သပ်ရတော့သည်။ ဟုတ်သည်လေ သူ Model အစ်ကိုနှင့် နှစ်ပါးသွားခဲ့တာက နည်းနည်းတော့ ခါးအောက်ပိုင်းနာနေသေးတာပေါ့။

သူ ပြုတ်ကျသွားသည်နှင့် အူယားဖားယား သူ့ကို ထကြည့်လာသူ မျက်နှာဖြူလူသားကို သူ မျက်လုံးအပြူးသားဖြင့်ပင် ကြည့်မိသည်။ ဘယ်က မျက်နှာဖြူက ဒီအခန်းထဲရောက်နေတာလဲ။ မနေ့က ကိုထက် ပြန်ကတည်းက သူအိပ်နေတာပါ။ Sleep Walk ဖြစ်ပြီး Club ရောက် လူဖြူတစ်ယောက်နဲ့ ပျော်ပါးမယ်ဆိုလည်း သူ့အနေနဲ့ Hotel ပဲရောက်မှာပါ။ ဘယ်လိုမှတော့ ဒီနိုင်ငံခြားသားက ငါ့အိမ်ပါမလာနိုင်ပါဘူး။

"Who are you?"

နိုင်ငံခြားသား မျက်နှာဖြူကို မင်သေသေကြည့်ကာ သူ ထရပ်၏။ သူထရပ်သည်ကို ကြမ်းပြင်ထက်ကျချိန် ကုတင်ပေါ်မှ ကုန်းကာ ငုံ့ကြည့်နေရင်းမှ ရပ်လိုက်ချိန်တွင် မှောက်လျက်လေးအတိုင်း ခေါင်းလေးမော့ကြည့်လာသည့် ထိုမျက်နှာဖြူအမျိုးသား မျက်ခွက်ကို နီစွေး ဖနောင့်နှင့်သာ ပေါက်ချင်သွားသည်။

"ကျွန်တော် Vincent လေ..."

ငင့် ဒီနိုင်ငံခြားသားက ဘိုလိုမှုတ်စရာမလိုဘူးပေါ့ သူက မြန်မာလိုပြောတတ်တယ်ပေါ့။ စောစောကပြောလေ။ ငါ ဘိုလို ပြောမိတာတောင် ရှက်သလိုလို ဖြစ်တယ်။ မျက်စောင်းကြီးထိုးကာ နီစွေး မျက်နှာဖြူနိုင်ငံခြားသားကို ပြန်ကြည့်သည်။ ရွှေဝါရောင်ဆံပင်၊ မျက်လုံးပြာပြာ၊ တောင့်တင်းသည့်ရင်အုပ်၊ နီစပ်စပ်အသားအရည်၊ မျက်နှာကျသည် ဥရောပဟန် တပြားသားမှမလျော့။

Schmaltz [Own Creation]Where stories live. Discover now