Part - 9 : He is swinging both ways...

3.9K 691 17
                                    

Zawgyi

ထွေရာလေးပါးပြောနေကြရာမှ နီစွေး ထရပ်သည်။ လိုက်လာမည်ပြုသည့် Vincent ကို သူ ခေါင်းခါပြရင်း...

"Toilet ခဏသွားမလို့ မင်းလိုက်ချင်လို့လား..."

သခင်ဘယ်သွားသွား ကျွန်တော်လိုက်ချင်တာပေါ့ ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေသည့် Vincent ကို သူ အလျှော့ပေးခေါ်မည်အပြု...

"မင်းတို့ ညားကာစတွေက ပိုကိုပိုတယ်... သွားကိုယ့်ဘာသာ! ညီလေး မင်းရဲ့ နီစွေးက ဒီနေရာကို သူ့အိမ်နီးပါး ကျွမ်းကျင်တယ်... ဘယ်သူမှလည်း သူ့ကို အနိုင်မကျင့်ရဲဘူး... ဒါက အစ်ကို့ရဲ့ အစ်ကိုဝမ်းကွဲဆိုင်..."

"ဟုတ်..."

သူငယ်ချင်းထဲမှ တစ်ယောက်၏ တားလာမှုကြောင့် ဖင်ကြွပြီးကာမှ ပြန်ထိုင်ချကာခေါင်းလေးငုံ့ပြီး ဘီယာခွက်ကိုသာ ကောင်ကိုင်ငုံ့သောက်သည့် Vincent ကို ကြည့်ပြီး နီစွေး ရယ်ချင်စိတ်ထိန်းကာ ခေါင်းယမ်း၏။ တကယ်ကို အဆိုးဆုံးသော ဇာတ်ကောင်ပီသစွာ Vincent သည် အချိန်တိုအတွင်း အံဝင်ခွင်ကျ ဖြစ်လွန်းသည်။

သူ့ကို အကုန်လုံးက ညီငယ်လေးလို သဘောထားမှန်းလည်း သိရော ချက်ချင်း ကလေးလေးလို ကောက်နေပစ်တာပဲကြည့်ပါလေ။ အံ့သြပ Camelot ရဲ့ ရှင်ဘုရင်ရယ်... ရွဲ့ တွေးကာ ဘီယာငုံ့သောက်နေသည့် Vincent ခေါင်းကို သူ ဖွကာ...

"ခဏနေ ပြန်လာမယ်နော်..."

မူးနေသည့်အရှိန်ဖြင့် ခေါင်းမှဆံပင်တို့ ဖွခံလိုက်ရသည့် Vincent ကိုယ်တစ်ချက် တုန့်ခနဲ ဖြစ်သွားသည်ကို နီစွေးမသိလိုက်။ ဒယိမ်းဒယိုင်ထွက်သွားသည့် သူ့ကို လှည့်ကြည့်သည့် မျက်လုံးတို့သည် ဖြစ်ပျက်သွားသမျှကို နားမလည်စွာ ကျန်နေခဲ့သည့် အကြည့်များ။

Vincent သူ့ခေါင်းကို သူ ကိုင်ကြည့်သည်။ နီစွေး၏ လက်ဖဝါးမှ အနွေးဓာတ်သည် မရှိတော့သော်လည်း သူ နွေးနေသည်ဟု ခံစားရသည်။ မနှစ်မြို့ ခြင်းမဟုတ်သည့် ခံစားချက်တစ်ခုသည် သူ့ရင်ထဲမှ လှိုက်တက်လာ၏။ နှစ်သက်ခြင်းလေလား။ ထိုခံစားချက်သည် သူ့ကိုမိန်းမောစေသည်။ သူ တကယ်ပဲ ဘီယာမူးနေပြီ ထင်ပါရဲ့။

Schmaltz [Own Creation]Where stories live. Discover now