Part - 34 : His Scheme

3.1K 508 25
                                    

Zawgyi

Vincent ၏ အကြံအစည်က အထမြောက်အောင်မြင်သည်ပဲ ပြောရမလား။ သူ့အလိုလိုက်မှုနှင့် ငါးရက်တစ်ခါလောက် နီစွေးကို အထိအတွေ့ဖြင့် ဖြာယောင်းမှုကြောင့် ရက်လအနည်းငယ်ကြာချိန်တွင်တော့ သူနှင့်အလွန်ပင် ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။ Utopia ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ရှာဖွေဖို့ရော၊ တစ်စုံတစ်ယောက်ကို သွားရောက်မေးမြန်းဖို့ရော နီစွေးသည် မေ့သွားပုံရ၏။

တစ်နေ့တစ်နေ့ စာရေးသည်။ သူ ချက်ကျွေးသမျှစားသည်။ တစ်ခါတစ်ရံ သူနှင့် ဈေးအတူတူလိုက်တတ်သည်။ ထို့နောက် အချိန်တန်လို့ သူက သွားမစလျှင်တောင် နီစွေးက သူ့ကို လာရောက်မြူဆွယ်တတ်နေပြီ။ ယခင်ကတည်းက နီစွေးက ထိုသို့ ခပ်ဆိုးဆိုးလေးမှန်း သူ သိသော်လည်း ယခုလောက်ကြီးဟုတော့ သူ မထင်။ သို့သော် နီစွေး၏ ထိုသို့သော တစ်ဖက်ခြမ်းကိုလည်း သူ ချစ်သည်။

"အာ... မင်း..."

မျက်နှာအတူသစ်နေကြရင်းမှ နီစွေး၏ ရေရွတ်မှုကြောင့် သူ ဘာဖြစ်လို့လဲဆိုသည့် အကြည့်များဖြင့် ကြည့်တော့ နီစွေးသည် ဗလာကျင်းဖြစ်နေသည့် မိမိအပေါ်ပိုင်းကို မှန်ထဲတွင်ကြည့်ကာ နံဘေးရှိ Vincent ကို မျက်စောင်းထိုးလေတော့သည်။ သွားတိုက်တံကို ထုတ်ပြီး ပလုတ်ကျင်းပြီးမှ...

"ဒီကိုယ်ပေါ်က ဟာတွေက ဘာတွေလဲ... အား... အရင်တုန်းက ငါ သတိမထားမိဘူး... မင်းကိုပဲ ငါ့သန့်ရှင်းရေးလုပ်ခိုင်းတာများတော့..."

ဗျစ်တောက်ဗျစ်တောက် ပြောနေသည့် နီစွေးစကားကို သူ သွားတိုက်ရင်းသာ နားထောင်နေလိုက်၏။

"ကြည့်ဦး နည်းတာလား... အား... အနောက်မှာ..."

မိမိကျောအနောက်ဘက်ရှိ သွားရာအကွင်းလိုက်များကြောင့် နီစွေး မျက်နှာသုန်မှုန်ကာ Vincent ကို ကြည့်တော့သည်။

"ဒီနေ့ ငါ အပြင်သွားစရာရှိတယ်... ငါ ဒီနေ့ ညစာစားပွဲသွားရမယ်! ငါတို့ စာအုပ်တိုက်က မီဒီယာတချို့နဲ့ ညစာစားပွဲလုပ်မှာ... ငါ ညက မင်းကို မပြောဘူးလား..."

ပြောလည်းပြော လက်ကလည်း Vincent လက်မောင်းကို ထိုးနေသည့် နီစွေးကြောင့် Vincent အသဲယားလာတော့သည်။ နီစွေး ညက ထိုသို့ပြောခဲ့သည်။ ဘယ်သူက အဲ့အချိန်ကစကားကို အရေးလုပ်နိုင်မှာလဲ။ နောက်ပြီး သူ မှတ်မိတာတောင် အရေးလည်းမလုပ်ချင်ပါဘူး။ နီစွေး အပြင်ကို သွားသည့် ကိစ္စတိုင်းက သူ့စိတ်ကို တင်းကြပ်စေသည်လေ။ နီစွေးသည် သူတစ်ယောက်တည်းနှင့်သာ အိမ်ထဲတွင် နေသင့်သည်။ စာလေးရေးရင်းနှင့်ပေါ့။

Schmaltz [Own Creation]Where stories live. Discover now