Part - 38 : The end of his Schmaltz (Final)

5.4K 543 35
                                    

Zawgyi

"ဘာလို့ငိုနေတာလဲ..."

Vincent သည် သူ့ကို ခပ်တိုးတိုးမေးလေ၏။ သူ့မျက်လုံးတို့က သူ့အသက်ဟူသည့် ဆွဲပြားလေးကို လက်သီးဆုတ်လေးထဲ ထည့်ထားသည့် နီစွေး၏ လက်သီးဆုတ်လေးထံသို့။ သူ့ခေါင်းထဲသို့ စေ့စကားရောင်လာဖြစ်၏။ အလောင်းအစား။ သူ အလောင်းအစားလုပ်ရမည်လား။ သူ တကယ်ပဲ ဒီအလောင်းအစားကို လုပ်သင့်ပါရဲ့လား။ သူ့အသက်နှင့်ထပ်ပြီး။ မတော်တဆ အလောင်းအစားက ရှုံးနိမ့်ခဲ့လျှင်ရော...

"ဘာလို့ ကျွန်တော့်ကို ပြန်ပို့မဲ့ လမ်းကိုပဲ ရွေးချယ်တာလဲ နီစွေး..."

နီစွေး သူ့ရှေ့မှ Vincent ကို မျက်ရည်များဖြင့်ကြည့်သည်။ ထိုကောင်လေးက မည်ကဲ့သို့တောင်မေးရက်ရတာလဲ။

"မင်းကို ပြန်မပို့ရင် မင်းက ထာဝရပျောက်ကွယ်သွားလိမ့်မယ်..."

"နီစွေး..."

"အင်း..."

နီစွေးသွေးပျက်နေမှုများကို ကြည့်ကာ သူ ပြုံးသည်။ သူ တကယ်ပဲ ဒီအလောင်းအစားကို ကျေကျေနပ်နပ်ကြီး လုပ်နိုင်ပါသည်။ မသေချာပေမဲ့လည်း နီစွေးသည် သူ့ကို ချစ်နေသည်မဟုတ်လား။

"အဲ့လောက်တောင် ကြောက်တာလား..."

"အင်း... အနားမှာမရှိတော့တာက မရှိတော့တာမဟုတ်ဘူး... မင်း... မင်းက အမြဲတမ်း အဲ့ဒီစာအုပ်ထဲမှာ ရှိနေလိမ့်မယ်... တစ်ခါခါမှာ ငါ ဇာတ်ကောင်တွေရှာရင်း မင်းကိုပြန်တွေ့နိုင်လိမ့်မယ်..."

"အင်း... ကျွန်တော်နားလည်ပြီ နီစွေးက ကျွန်တော့်ကို လုံးဝ မပျောက်ကွယ်စေချင်ဘူး... ဒါပေမဲ့ နီစွေးသိလား... အမြဲတမ်း နည်းလမ်းကတစ်ခုထဲရှိတာမဟုတ်ဘူးလေ..."

"မင်းပျောက်ကွယ်သွားတာ ငါ မလိုချင်ဘူး..."

ကလေးတစ်ယောက်လို နီစွေးသည် သူ့ကိုပြောလေ၏။ သူ သက်ပြင်းမောရှိုက်ကာ နီစွေး၏ လက်ကို အုပ်ကိုင်သည်။ သူ့လက်အားဖြင့် ဖိမိသွားပါက နီစွေးသည် လက်ထဲမှ chipset လေးကျိုးကြေသွားလောက်သည်မို့ အသည်းအသန်ရုန်းကန်လေ၏။ ဒီလို နီစွေးဟာ ဘယ်လိုတောင် သူ့ကို ပြန်ပို့မည်ဟု ပြောနေရတာလဲလေ။ အပြောနှင့်အလုပ်က နည်းနည်းလေးမှ မညီပါလား။

Schmaltz [Own Creation]Where stories live. Discover now