Part - 4 : Am I the wife or the son?

5.3K 802 17
                                    

Zawgyi

ရုတ်တရက် မျက်စောင်းခဲခံလိုက်ရသဖြင့် Vincent ကုတ်ကုတ်လေးဖြစ်သွားရသည်။ နီစွေးသည် ခန့်မှန်းရခက်သည်။ ထို့အတွက် သူ ကြုံတွေ့ဖူးသည့် သူများလို အလွယ်တကူ ခန့်မှန်းနိုင်ခြင်းမရှိ။

သူ့ကို ဖန်တီးသူဖြစ်၍ သူ ခန့်မှန်းရဲခြင်းမရှိ၍လည်းဖြစ်လောက်သည်။ ခန့်မှန်းရဲသည့် အတိုင်းအတာအတွင်းမှ သူ အတတ်နိုင်ဆုံး နီစွေး၏ အပြုအမူတို့မှ ခန့်မှန်းကြည့်သော်လည်း လွဲချော်သည့် အဖြေတို့ကိုသာ ရသည်မို့ သူ ဆက်ခန့်မှန်းမနေတော့။

"မင်းကို အဝတ်အစားဝယ်ပေးမှ ရလောက်တယ်..."

Vincent သူ့ကို အပေါ်အောက်ကြည့်ပြီး ပြောလာသည့် နီစွေးကိုသာ မျက်လုံးပြာဝိုင်းများဖြင့် ကြည့်နေလိုက်သည်။ နီစွေး၏ အလိုမကျမှုဖြင့် စူတင်းနေသည့် မျက်နှာလေးက ပြေလျော့သွား၏။

Vincent ၏ နှုတ်ခမ်းထောင့်တို့ မသိမသာလှုပ်ခတ်သွားသည်။ သူ့ ဖန်တီးသူ၏ မျက်နှာအပြောင်းအလဲလေးကို သူ ဖမ်းမိလိုက်သည်လေ။ မျက်နှာကို ငယ်နိုင်သဖြင့် ငယ်ကာ နီစွေးမှတစ်ပါး သူ့ကို ကူကယ်မည့်သူ မရှိဆိုသည့် ပုံမျိုးဖမ်းကာ သူ နီစွေးကို ကြည့်၍...

"ဘာဖြစ်လို့လဲ..."

နီစွေး ဟပ်ထိသွားရတော့သည်။ ဒီ... ဒီသောက်ကလိန်ကကျစ်ကောင်က ငါ့နှလုံးသားတည့်တည့် မျှားလာပစ်နေတယ်။ မင်းက မုန်းစရာကိုကောင်းတယ်! သူ စိတ်အတွင်းတွင် ကျိန်ဆဲပြန်သော်လည်း...

"ဒီဘက်ခေတ်ရဲ့ ဝတ်စားဆင်ယင်မှုက အခုလိုမျိုးမဟုတ်ဘူး... လောလောဆယ် ငါ အရင်ဆုံး မင်းအတွက် တစ်စုံတော့ ဆင်းဝယ်ရမယ်..."

သူတို့လမ်းထိပ်နားတွင် ကံကောင်းစွာ အမျိုးသားဝတ် အထည်ဆိုင်တစ်ခုရှိသည်မို့ နီစွေး တော်သေးသည်ဟုသာ မှတ်လိုက်တော့သည်။ သူ Vincent ၏ ဒီပုံစံကြီးနှင့်တော့ အတူတူ အပြင်မထွက်နိုင်ပါဘူး။

"အနည်းဆုံး အလဲအလှယ်နဲ့အဆင်ပြေအောင်... အိမ်နေရင်းဝတ် သုံးစုံလောက်နဲ့ အပြင်ဝတ် နှစ်စုံ ငါးစုံလောက်တော့ ထားရမယ်..."

သူ့ဘာသာ စဉ်းစားလိုက် ရေရွတ်လိုက်လုပ်နေသည့် နီစွေးကို Vincent အကဲခတ်မပျက်။ တကယ်တမ်းတော့ သူ ယခုနေရာသို့ လာရန်လည်း စိတ်မဝင်စားသလို နီစွေးမှ သူ့ကို မည်မျှထိ ဇာတ်နာအောင် လုပ်လုပ် သူ မည်သည့်ခံစားချက်မှ မရှိ။

Schmaltz [Own Creation]Where stories live. Discover now