Part - 33 : I'll train your body so that you can only accept me.

3.2K 500 45
                                    

Zawgyi

"ပြောရရင်တော့ကွာ ငါ့ ငယ်ဘဝလေးက သိပ်ကို စိတ်ညစ်ညူးစရာကောင်းခဲ့တာပေါ့... အသက်ကြီးကြီး ငါ့နာနီဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ပန်းဦးခြွေတာခံလိုက်ရ... အမေက ငါမရှိရင်ကောင်းမယ်လို့ တဖွဖွပြော... သူ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေပေါ့ကွာ... အဖေ့ရဲ့ အဲ့လိုသတင်းကြားတိုင်း သူ့မှာ ရမယ်ရှာစရာက ငါပဲရှိတာကိုး..."

သူ့အကြောင်းကို နဂုံးချုပ်တော့ Vincent သည် သူ့ကို ခံစားချက်ပေါင်းစုံရောပြွန်းနေသည့် အကြည့်များဖြင့် ကြည့်လာသည်။ သူ့ကို ဖက်ပဲဖက်ထားပေးရမလား၊ သူ့ကို ဘာမှမဖြစ်ပါဘူး ကျွန်တော်ရှိတယ်လို့ပဲ ပြောရမလား ဆိုသည့် မျက်နှာဖြင့် ကြည့်နေသည့် Vincent ကို ကြည့်ပြီး သူ အလျင်ဦးအောင် ထိုကောင်လေး၏ ပခုံးထက်တွင် သူ့ခေါင်းကိုတင်၏။

Vincent သူ့ဘေးတွင် ထိုင်နေရာမှ ပခုံးထက်ခေါင်းမှီလာသည့် နီစွေးကြောင့် သူ မင်သက်သွားရသည်။ ဒီနီစွေးဟာ သူ ဘာလုပ်ရမှန်းမသိဖြစ်နေသည့်အချိန်များတွင် တင်းကြပ်လာသည့် စိတ်တို့ကို အမြဲတမ်း သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိလွန်းလှသည်။ သူက နီစွေးဘာဖြစ်နေသည်ကို မသိဘဲ နီစွေးကသာ အမြဲတမ်းသူ ဘာဖြစ်နေမှန်းကို သိနေရသည်။

"အဲ့လိုနဲ့ပေါ့ကွာ... ငါ နည်းနည်းကြီးလာတော့... ခန္ဓာဗေဒရဲ့ တုံ့ပြန်မှုတွေကို သိလာတယ်... ပြောရရင်တော့ ငါဟာ အရမ်းအရမ်းကို ခန္ဓာကိုယ်ရဲ့တပ်မက်ခြင်းတွေကို သဘောကျလာတယ်... ငါဘယ်သူနဲ့အိပ်အိပ် အဓိကက ကောင်းနေရင်ပြီးတာပဲ မဟုတ်ဘူးလား..."

နီစွေးစကားက သူ့နှလုံးသားကို ဓားနှင့်မွှနေသလို။ သူမှီထားသည့် ကောင်လေး၏ ပခုံးက ခပ်တောင့်တောင့်ဖြစ်သွားသဖြင့် နီစွေး ပခုံးထက်တွင် ခေါင်းတင်ထားရာမှ ခေါင်းကို ပြန်ထောင်၏။ ထို့နောက် ခုံတွင်ထိုင်နေသည့် Vincent ၏ ကိုယ်ပေါ်တက်ခွထိုင်ကာ အလိုမကျမှုဖြင့် တင်းမာနေသည့် ထိုကောင်လေး၏ လည်ပိုင်းကို သိုင်းဖက်ကာ နဖူးချင်းအပ်၏။

"နား. ထောင်. ချင်. သေး. လား... မင်းပဲ ငါ့အကြောင်းအကုန်သိချင်တယ်ဆို... ငါ ပြောပြနေတယ်လေ..."

Schmaltz [Own Creation]Where stories live. Discover now