Part - 37 : I know everything but I don't mind.

2.9K 467 13
                                    

Zawgyi

"နီစွေး..."

သူ အိမ်ပြန်လာတော့ သူ့ကို အိမ်ဝတွင်ထိုင်စောင့်နေသည့် နီစွေး။ ဖိနပ်တင်စင်နားလေးတွင် ကျုံ့ကျုံ့လေးထိုင်နေသည့် နီစွေး၏ မျက်လုံးတို့သည် နီရဲလျက်။ ငိုထားပုံရသည်ဟု သူ တွေးရင်းမှ နီစွေးရှေ့တွင် ထိုင်ချလိုက်သည်။

သူ့နီစွေး၏ စိတ်သည် ခန့်မှန်းရခက်ပြီး မုန်းစရာကောင်းလောက်အောင် လူမသိနိုင်သော်လည်း သူ့အတွက်တော့ ရိုးရှင်းလွန်းသည်။ နီစွေးသည် သိပ်ကြောက်တတ်သည့် သူတစ်ဦး။ သူ့လုပ်နေခြင်းများက သူ့ကိုယ်သူက ကာကွယ်ရန်သာ။ နောက်ပြီး သူ့ကိုယ်သူလည်း သူက ထိခိုက်အောင် လုပ်တတ်သေးသည်။

"မင်းပြန်လာပြီပေါ့..."

"ကျွန်တော် အပြင်ခဏသွားတာ..."

ထိုင်နေသေးသည့် နီစွေးက ထမရပ်သောကြောင့်သူသည်လည်း ထိုင်ရာမှမထ။ သူ့လက်ကို နီစွေးပါးကို အုပ်ကိုင်တော့ ကိုယ်လေးတစ်ချက်တုန်သွားသော်လည်း နီစွေးသည် မရုန်း။

"ကျွန်တော့်ကို စောင့်နေတာလား..."

"မင်းမှာ ငါ့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတွေ အများကြီးပဲရှိနေတာလား... မင်း စေကို ဘာကြောင့် သွားသွားတွေ့နေရတာလဲ... မင်းက ဒီကမ္ဘာက မဟုတ်ဘူးဆိုတာ သူ သိနေလို့လား..."

"သဝန်တိုတာလား..."

ယခုမှပင် သူ့မျက်နှာကိုကြည့်လာတော့သည့် နီစွေး။ ယခုအချိန်တွင် ထိုမေးခွန်းက မေးရမည့်မေးခွန်းမျိုးမဟုတ်သော်လည်း ယခုလိုမှ မမေးလျှင် နီစွေးက သူ့ကို ကြည့်လာပါဦးမည်လား။

"Vincent..."

"အင်း..."

"မင်း ဟိုဘက်ကမ္ဘာကို ပြန်သွားလို့ရမဲ့နည်းလမ်းက ဘာလဲ..."

သူ့နှလုံးသားတစ်ခုလုံး အေးခဲသွားခဲ့သည်ဟု သူ ထင်သည်။ နီစွေးသည် သူ့ကိုတကယ်ပဲ ဘဝထဲမှ ထုတ်ပစ်ဖို့ ကြံရွယ်ထားသည်လား။ နီစွေး... နီစွေးက ကျွန်တော့်ကို ချစ်နေတာမဟုတ်ဘူးလား။

"တကယ်ပဲ ကျွန်တော့်ကို ဟိုဘက်ကမ္ဘာကို ပို့ချင်တာလား..."

"တကယ်လို့မပို့ဘူးဆိုရင် မင်းရဲ့ ကမ္ဘာက ပျက်စီးသွားလိမ့်မယ်..."

Schmaltz [Own Creation]Where stories live. Discover now