Part - 6 : He is the sky and the world

4.3K 744 21
                                    

Zawgyi

"ငါ ဒီနေ့ စာပေတိုက်ကို သွားလိုက်ဦးမယ် သူဌေးမင်းက တွေ့ချင်တယ်ပြောလို့..."

"သူဌေးမင်း..."

အူလည်လည်မျက်နှာလေးနှင့် ထမင်းကြော်နေရာမှ လှည့်ကြည့်လာသည့် Vincent ကို သူ ထမင်းစားပွဲပေါ်တွင် မှောက်ပြီးပြောနေရာမှ မီးဖိုရှေ့တွင် ရပ်နေသည့် Vincent ကို လှည့်ကြည့်သည်။

"အင်း... ငါက စာရေးတယ်လေ ရေးရုံနဲ့ပြီးတာတော့မဟုတ်ဘူးပေါ့ ရေးတဲ့ဟာကို စာအုပ်အဖြစ်ထုတ်တယ် ထုတ်တာကို စာပေတိုက်က လုပ်တာပေါ့ အဲ့ စာပေတိုက်ပိုင်ရှင်က အခု ငါနဲ့တွေ့ချင်တယ် ဆိုလို့ ငါ သူနဲ့သွားတွေ့ရမှာ..."

"သြော်..."

"အင်း... အဲ့ဒါ နေ့လည်စာကို မင်းဘာသာစားထားလိုက်..."

"ဟုတ်..."

မှာစရာရှိတာမှာ မနက်စာထိုးသွပ်ပြီးသည်နှင့် သူ စာပေတိုက်သို့ထွက်လာလေ၏။ ကဖေးဆိုင် တစ်ခုခုတွင်တွေ့၍ရသော်လည်း သူ စာပေတိုက်သို့သာ ထွက်လာဖြစ်သည်။ သူဌေးမင်းသည် သူ့ကို စာဖတ်ပရိသတ်များသည့် လာဘ်ကောင်လေးအဖြစ် သတ်မှတ်ထားသော်လည်း အခြားသော တစ်တိုက်ထဲရှိ စာရေးဆရာများ၏ မျက်စောင်းတို့ကို သူ မခံယူလို။ ထို့အတွက် စာပေတိုက်သို့သာ သွားဖြစ်၏။

============ Schmaltz =============

'Glory' ဆိုသည့်ဆိုင်းဘုတ်ကို သူ မော့ကြည့်ဖြစ်သည်။ သူနှင့် ထိုစာပေတိုက်လက်တွဲသည်က ဘယ်လောက်ကြာပြီလဲ။ ငါးနှစ်... သူစာရေးသည်က ထိုမျှထိပဲ ကြာသွားပြီလား။

"ဟော ကိုနီစွေး..."

အယ်ဒီတာကောင်မလေး၏ နှုတ်ဆက်မှုကြောင့် သူပြုံးပြဖြစ်သည်။

"ယုယ..."

သူ့ထက်အရပ်အနည်းငယ်သာပုသည့် ထိုကောင်မလေးသည် သူ့အနားလျှောက်လာရင်း...

"စာမူကိစ္စလား..."

"မသိသေးပါဘူး... သူဌေးမင်းက ပုံမှန်ဆိုရင်တော့ ဖုန်းနဲ့ပဲ ပြောတာဆိုတော့ ဘာဂျီတိုက်မလို့လဲမသိဘူး..."

မအီမသာမျက်နှာနှင့် သူဖြေတော့ ယုယသည် သူမ၏ ဖယောင်းသဖွယ်လက်သွယ်လေးများကို အုပ်ကာရယ်၏။ ယုယသည် အတော်လေးချစ်စရာကောင်းသည် မိန်းကလေး။ သူတို့စာပေတိုက်တွင် ထိုကောင်မလေးကို ချောင်းမြောင်းနေသည့် လုပ်ဖော်ကိုင်ဖက်များစွာရှိသည်။ သူ့ကို စာပေတိုက်ပိုင် စာရေးဆရာများ မနှစ်သက်သည့် ကိစ္စရပ်များထဲတွင် ထိုအကြောင်းအရာလည်း ပါသည်။ အဆိုပါ အချောအလှ အယ်ဒီတာလေးက သူ့ရဲ့ ကိုယ်ပိုင်အယ်ဒီတာ။

Schmaltz [Own Creation]Where stories live. Discover now