Part - 22 : He always see through me...

3.3K 488 48
                                    

Zawgyi

ချစ်ခွင့်ပန်ခံရသည်။ သူက သူ့ဇာတ်ကောင်၏ ချစ်ခွင့်ပန်ခြင်းကို ခံရသည်။ ထိုအရာက စဉ်းစားလျှင် အတော်ကို ရယ်ချင်စရာကောင်းသည့် ကိစ္စ။ သူ ငြိမ်သက်စွာ ဖုန်းသုံးနေချိန် Messenger ထဲမှ တောင်ခနဲတက်လာသံကို ကြားတော့ သူ မျက်လုံးထဲတွေ့ရာ လျှောက်ဖတ်နေရာမှ ကြည့်လိုက်တော့ စေ။

စေ : မင်းကို ကိုယ့်ဇာတ်ကောင်ပေါ်ကိုယ် အရမ်း crazy ဖြစ်မှန်းမသိခဲ့ဘူး

စွေး : ဘာရယ်...

စေ : မင်းနဲ့အခုတွဲနေတဲ့ကောင်လေးက မင်းနောက်ဆုံးဇာတ်ကောင် Vincent နဲ့တူနေတယ်...

နီစွေး ရုတ်တရက် ဘာဆက် Type လို့ Type ရမှန်းမသိ။ ဖုန်းကိုကိုင်ကာ တစ်မိနစ်ကျော်လောက် ကြည့်နေချိန်တွင် စိတ်မြန်လက်မြန်ရှိသည့် စေ၏ နောက်ထပ် Message တစ်ကြောင်း ထပ်တက်လာလေသည်။

စေ : မင်း အဲ့ဒါကြောင့် Block ဖြစ်နေတာမို့လား...

စွေး : မင်း ငါ့ကိုများကြိုက်နေတာလား အဲ့လောက်ထိ ငါ့အကြောင်းတွေသိနေရအောင်...

တော်တော်နှင့်ပြန်မလာသည့် Reply ကြောင့် သူ တခွိခွိကြိတ်ရယ်တော့ သူနှင့်မလှမ်းမကမ်းတွင် သူဝယ်လာသည့် စာအုပ်များကို အလျင်ဖတ်နေသည့် Vincent ၏ အကဲခတ်အကြည့်များရောက်လာ၏။ တစ်ဖက်မှ သူ့ကို အသေဆဲရေးနေမည့် စေ ၏ မျက်နှာကိုမြင်ယောင်ပြီး သူ ရယ်ချင်နေသည့် မျက်နှာပိုးကို သတ်မရ။ Vincent ကို လက်လေးကာပြရင်း...

"မဟုတ်ဘူး ဒီမှာဟာသတွေပြောနေလို့... ငါတို့ကို တစ်ယောက်ယောက်ကြည့်နေတယ်လို့ မင်း နေ့ခင်းကပြောခဲ့တယ်မလား..."

ခေါင်းညိတ်ပြသည့် Vincent ကိုကြည့်ပြီး သူဆက်ပြော၏။

"အင်း အဲ့ဒါက စေ ဖြစ်လိမ့်မယ် စေ က အရမ်းအမြင်စူးပြီး သူ့ရဲ့ဆက်စပ်တွေးခေါ်တာက သာမန်နဲ့မတူဘူး..."

Vincent နှင့်တူနေမှန်း တပ်အပ်ပြောနိုင်သည့် စေ ကို နီစွေးနည်းနည်းဖြုံသွားသည်တော့အမှန်။ စေနှင့် Vincent ကို မဆုံမိအောင် သူ ကြိုးစားသင့်သည်။ မဟုတ်လျှင် စေသည် Vincent က ဘယ်သူဆိုသည်ကို တန်းသိသွားလောက်သည်။

Schmaltz [Own Creation]Where stories live. Discover now