Part - 30 : I love you so much so can't you love me a little bit?

3.6K 522 58
                                    

Zawgyi

ဆူညံ့သည့် Dancing Flow တစ်ခု၊ မီးရောင်အောက်တွင် လူတို့သည် တစ်ယောက်နှင့်တစ်ယောက် ထပ်လုမတတ် ကခုန်လျက်။ အချို့သည် အတူကခုန်မည့်သူကို ရှာနေကြသလို အချို့သည် မိမိနှင့်အတူ ပါလာသူများနှင့် လွတ်လပ်စွာ ကခုန်နေကြသည်။ အပူအပင်သောကတို့သည် ယခုအချိန်တွင်ရှိမနေတော့။ သူတို့ စိတ်လွတ်လက်လွတ်သာ မိမိစိတ်ကို ထွက်ပေါက်ပေးနေကြ၏။

နီစွေး နံရံထောင့်တစ်ခုတွင်ကပ်ကာ ကနေသည့်သူများကို ကြည့်သည်။ သူ မလာတာ အတော်ကြာပြီပဲ။ ကနေသည့် မြင်ကွင်းကို အပြုံးဖြင့်ကြည့်နေသည့် သူ့မြင်ကွင်းကို ကွယ်ကာလာသူကို သူ ကြည့်တော့ ကောင်းကင်တွင်တိမ်များအုံ့ဆိုင်းညိုမှိုင်းနေသည့်အလား သုန်မှုန်သည့် မျက်နှာဖြင့် ငုံ့မိုးကြည့်နေသည့် ကောင်လေး။ သူ ပြုံးပြကာ ပုံမှန်လေသံဖြင့်...

"ဘာလို့ သွားမကတာလဲ..."

ထိုကောင်လေးသည် မည်မျှပင် ဆူညံနေသည့်နေရာဖြစ်စေ သူ့အသံကိုတော့ ကောင်းစွာကြားနိုင်မည်ဆိုသည်ကို သူ ကောင်းကောင်းသိသည်လေ။ သူ့မေးခွန်းကို မည်သည့်စကားမှ မဆိုဘဲ သူ့မျက်နှာကိုသာ ကြည့်နေရာမှ ထိုကောင်လေးသည် နံရံတွင်မှီနေသည့် သူ့ဘေးတွင် လက်တစ်ဖက်ကို ထောက်ကာ သူ့မျက်နှာဆီသို့ ငုံ့ဆင်းလာလေ၏။

ရုတ်တရက်ဆန်သော အပြုအမူကြောင့် နီစွေး လန့်သွားသော်လည်း ထိုကောင်လေးသည် သူ့ကို မည်သည့်အမှုမှမလုပ်ဘဲ သူ့နားအနားသို့ ကပ်ကာသာ...

"စေနဲ့ အရမ်းရင်းနှီးတာလား..."

တစ်ယောက်ယောက်ကတော့ အချဉ်ပေါင်းစားတာများနေပြီဟု နီစွေးတွေးကာ နှုတ်ခမ်းကို လက်သီးဆုတ်လေးအသာကွယ်ပြီး တိုးဖွဖွရယ်၏။

"အရမ်းကြီးတော့လည်း မဟုတ်ပါဘူး... ဒါပေမဲ့ တချို့အရာတွေ သူနဲ့ပြောဖြစ်တယ်..."

သူနည်းနည်းလေးအရှေ့တိုးလိုက်ရုံဖြင့် နှာခေါင်းချင်းထိလုမတတ်အနေအထားဖြင့်ပင် သူ ထိုကောင်လေးကို ဖြေ၏။ မျက်လုံးပြာများသည် နက်ရှိုင်းသွားကာ သူ့မျက်နှာထက်မှ မကျေနပ်မှုဒီဂရီတို့က ဆောင့်တက်သွားတော့သည်။

Schmaltz [Own Creation]Where stories live. Discover now