Part -5 : Skin Contact Problem...

4.7K 746 22
                                    

Zawgyi

နောက်ရက်များတွင်တော့ နီစွေး ခေါင်းအကြီးကြီးကိုက်ရရှာတော့သည်။ သူ Vincent ၏ သောင်းခြောက်ထောင်သော မေးခွန်းကိုမရိုးအောင် ဖြေရလေ၏။

ဝရန်တာမှ အောက်သို့ကြည့်ရင်း...

"ဒီရွေ့နေတာတွေက ဘာတွေလဲ..."

ကားတွေဟုသူကဖြေလိုက်လျှင်လည်း မိကျောင်းမင်းလေးက ဘယ်လိုရွေ့တာလဲ ဘာလဲညာလဲ မေးခွန်းပေါင်းစုံထပ်လာသေးသည်။

"ဒီ လေးထောင့်တုံးထဲ လူတွေအများကြီးရှိနေတယ်..."

TV သို့မဟုတ် Laptop ထဲမှ အရာတို့ကိုကြည့်ပြီးပြောသည့်စကား။

"ပုံတူ ပန်းချီတွေက အသံထွက်ပြီး လှုပ်ရှားနေတယ်..."

ကာတွန်းကားအချို့ကိုမြင်ပြီးပြောသည့်စကား။ အစရှိသဖြင့် တစ်နေ့တစ်မျိုး သူ မရိုးနိုင်။ ခေတ်ကာလကွာခြားခြင်းဒုက္ခကို သူရင်ဆိုင်ရခြင်းက ခက်ခဲလွန်းသည်။ ဝတ္ထုထဲထည့်ရေး၍သာ လွယ်ကူတာ တကယ်တမ်း ကိုယ်တိုင်ဖြေရတာ ဘယ်လောက်ခက်လဲ သူ ကိုယ်ချင်းစာတတ်ချေပြီ။

အမေးထူပြီး ဘာမဆိုသိချင်သည့် သူ့သားငယ်ကို သူ ခေါင်းတွေသာ ပိတ်ခေါက်ချင်သည်။

ယခုလည်း...

"နီစွေး ကျွန်တော်က သူတို့နဲ့တူပြီး ဘာလို့ သူတို့စကားနားမလည်တာလဲ..."

စာအုပ်တစ်အုပ်ရေးအပြီး ဝေလေလေလိုက်နေသည့် နီစွေး၏ မျက်စောင်းက Vincent ထံဒိုင်းခနဲ။ လက်ညှိုးလေးညွှန် မျက်နှာသေ မျက်လုံးဝိုင်းလေးများဖြင့် သူ့အဖြေကို သနားစဖွယ်စောင့်နေသည့် Vincent ကို သူ မဖြေဘဲလည်း မနေနိုင်။

"ဘာလဲ..."

Vincent ညွှန်ပြရာကို သူ မထူးဆန်းသလို ကြည့်သည်။ ဘာပဲပြောပြောနေ့ရက်တို့ကလည်း ရက်သတ္တပတ်တို့ဖြစ်လာပြီမို့ Vincent အနေနှင့် မသိသည့် ကိစ္စဟူ၍ နည်းပါးသင့်နေပြီမို့ သူ ခပ်တည်တည် လက်ညှိုးအဆုံးကို သေချာအကြည့် သူ့စိတ်ထဲခေါင်းကိုက်သွားရတော့သည်။

"အာ... အဲ့ဒါ..."

ငါဘာလို့ မြန်မာကားလိုင်း မဖွင့်ပေးထားလိုက်မိတာလဲ! မဟုတ်သေးပါဘူး ဒင်းလျှောက်ပြောင်းနေတာမဟုတ်လား...

Schmaltz [Own Creation]Where stories live. Discover now