Part - 10 : His Job...

4.1K 660 27
                                    

Zawgyi

"မနက်စာရပြီ..."

"အင်း..."

အိပ်ယာနိုးနိုးချင်းဆံပင်စုတ်ဖွားနှင့် ထလာသည့် နီစွေးကိုကြည့်ပြီး Vincent ပြုံးသည်။ သူတို့ကို ဖန်တီးသည့်သူသည် မည်သို့သော ပုံစံဖြစ်လောက်လဲဆိုသည်ကို သူ မရေတွက်နိုင်အောင် စဉ်းစားကြည့်ဖူးသည်။ သူ မြင်ဖူးချင်သည်။

ဒါကို သိလို့ပဲ Trickster က သူ့ကို ပို့လိုက်သည်လား။ သူ နားမလည်။ သို့သော်လည်း ယခုသူ့ရှေ့တွင် နီစွေးရှိနေသည်။ သူသည် နီစွေးကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရသည်။

"အင်း စားကောင်းသားပဲ..."

ကြော်ထားသည့် အသားချောင်းကို ခပ်တည်တည်ပါးစပ်ထဲထည့်သလို လက်တစ်ဖက်ကလည်း အကျီ င်္အောက်ထဲထည်ကာ ကိုယ့်ဗိုက်ကိုယ် ပွတ်နေသည့် နီစွေး။

"မျက်နှာမသစ်ရသေးဘဲနဲ့..."

အပြစ်မပြောရဲသောကြောင့် သူ ခေါင်းကိုငုံ့ မရဲတရဲ ဗျစ်တောက်တောက်ပြောတော့ နံဘေးတွင်လာရပ်ကာ ခြေဖျားကိုထောက် သူ့ခေါင်းကို အသာပွတ်သပ်ပေးလာသည့် နီစွေးကို သူ ကြောင်အစွာကြည့်၏။

"မနက်စာအတွက် Reward..."

ပြောပြီးသည်နှင့် လစ်ထွက်သွားသည့် နီစွေးကိုသူ ခဏဟုတော့ မပြောနိုင်ဘဲ ကျန်ခဲ့ရရှာသည်။ နီစွေးသာဆိုလျှင်ဟု သူပြောပြီးကတည်းက နီစွေးတစ်ယောက် သူ့ခေါင်းကို ပွတ်ချင်တိုင်း ပွတ်လာတတ်သလို ရံဖန်ရံခါ သူ မီးဖိုချောင်ဝင်နေချိန်တွင် သူ့ပခုံးပေါ် မမှီမကမ်း မေးတင်ရန်လည်းကြိုးစားတတ်သည်။ ထိုအမူအရာများက သူ့ရင်ထဲကို အဘယ်ကြောင့်များ ကလိကလိ ဖြစ်စေမှန်း သူ အဖြေမထုတ်နိုင်သေးသော်လည်း ထိုနေထိုင်မကောင်းသည့် ခံစားချက်ကို သူ နှစ်သက်နေသဖြင့် နီစွေးကို မပြောနေတော့။

"ကျွန်တော်ပြောတယ် မျက်နှာအရင်သစ်ပါဆို..."

သူ့ခေါင်းကိုသူ အသာကိုင်ကာသာ ခပ်တိုးတိုးရေရွတ်၏။ နီစွေး၏ လက်ဖဝါးအငွေ့နွေးနွေးကို သူ ခံစားရနေသဖြင့် သူ ပြုံးမိသည်။ ထို့နောက် သက်ပြင်းမောကို ရှိုက်ကာသူ့ကို ဖန်တီးသူအကြောင်း သူ တွေးပြန်၏။

Schmaltz [Own Creation]Where stories live. Discover now