Part - 15 : He paints my world...

3.8K 597 36
                                    

Zawgyi

"နီစွေး ဘာဖြစ်လာတာလဲ..."

အပြင်မှပြန်ရောက်ရောက်ချင်း မျက်နှာလေးတမျိုးတမည်ဖြစ်ကာ အိမ်ရှေ့ခန်းဆိုဖာပေါ် ခြေပစ်လက်ပစ်မှောက်လှဲချလိုက်သည့် သူ့ကို ကြည့်ကာ Vincent မေးသည်။ ကမ်းပေးလာသည့် ရေအေးတဖန်ခွက်ကို မှောက်လျက်သားနှင့်ပင် လက်လှမ်းကာ...

"ကျေးဇူးပဲ..."

ရေထထိုင်သောက်နေသည့် သူ့ကို ခပ်ပြုံးပြုံးပင်ကြည့်နေသည့် Vincent ကို သူ မသိချင်ယောင်ဆောင်နေလိုက်၏။ လွန်ခဲ့သောဆယ်ရက်ခန့်မှ သူ့ထံဖုန်းဆက်ကာ အားသည့်နေ့တွေ့ရအောင်ဟု ပြောပြီး ပြောသည့်သူဌေးမင်းက မအားမအားနှင့် သူ မနက်ဝေလီဝေလင်း စာမူ mail ပို့ပြီးကာမှ ဖုန်းဆက်ကာ တွေ့ရအောင် ထပ်ချိန်းဆိုလာသည့် သူဌေးမင်း။ ထို့အတွက် နီစွေးသွားတွေ့ဖြစ်လိုက်သည်ပေါ့။

ထိုတွေ့ဆုံခြင်းရလာဒ်က သူ့ကိုခေါင်းကိုက်စေသည်။ ဘယ်လိုဇာတ်လမ်းပဲဖြစ်ဖြစ် Romance theme ဖြစ်ရမည်။ ဇာတ်ဆောင်နှစ်ဦးသည်ကြိုက်သွားရမည်။ သူတို့နှစ်ဦး၏ ချစ်ခင်နှစ်သက်မှုတို့ကို အပိုင်းပိုင်းဖြင့် ဝေဝေဆာဆာ ဖော်ပြရမည် အစရှိသည့် တောင်းဆိုချက်တသီကြီးကို တွေးမိပြီး လက်ထဲရှိဖန်ခွက်ကို ဆိုဖာခုံရှေ့ရှိ စားပွဲပေါ်သို့ကောက်တင်၏။ ထို့နောက်ထထိုင်ကို ခွက်သိမ်းရန်လက်လှမ်းနေသည့် Vincent ကိုကြည့်ပြီး...

"ဒါနဲ့ Vincent..."

"ဟုတ်..."

"မင်းတို့ကမ္ဘာမှာတုန်းက မင်းတစ်ယောက်ယောက်ကို ချစ်ချင်တယ်ဆိုတဲ့ခံစားချက်ဝင်ဖူးလား..."

"အမ်..."

ရုတ်တရက်ထမေးသည့် မေးခွန်းကြောင့် Vincent ဘာဖြေလို့ဖြေရမှန်းမသိ။ သူ နီစွေးကို ကြည့်တော့လည်း နီစွေးရုပ်က အမှန်အကန်မေးနေတာဆိုသည့် ရုပ်မျိုး။ နီစွေးသိလိုသည့် မေးခွန်းကို သူ မဖြေဘူးဟူသည်မရှိ ဖြစ်စေချင်သော်လည်း ယခုမေးခွန်းကြီးကို သူ ဘယ်က စဖြေလို့ဖြေရမှန်းမသိ။

"ငါပြောချင်တာက မင်းကို ချဉ်းကပ်ကြတဲ့သူတွေ အများကြီးလေ... အဲ့ဒီထဲမှာမှ မင်းအနေနဲ့ တစ်ယောက်ယောက်ကို ရင်တစ်ချက်လေးတောင် မခုန်ဖူးဘူးလား..."

Schmaltz [Own Creation]Where stories live. Discover now