Part - 25 : Write About Us

3K 525 32
                                    

Zawgyi

"အာ..."

သူ့လက်ထဲပြိုကျလာသည့် နီစွေးကို ထိန်းမတ်ကာ Vincent ညည်းတွားသည်။ ဖြူဥသော မျက်နှာတို့သည်နီလျက်။ သူ့ကိုကြည့်လာသည့် မျက်ဝန်းတို့တွင် ရီဝေလျက်။ ရုတ်တရက် ကျောထဲစိမ့်တက်လာသည့် ခံစားချက်ကြောင့် Vincent သူ့ပခုံးကို မှီထားသည့် နီစွေးကိုကြည့်သည်။

"ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး..."

သူ နီစွေး၏ အပေါင်းအပါတို့ကို နှုတ်ဆက်ကာ အမူးသမားနီစွေးကို ထမ်းခေါ်ရ၏။ တစ်ချက်တစ်ချက် သူ့လည်တိုင်သို့ ရိုက်ခတ်သည့် အသက်ရှူသံသည် သူ့စိတ်ကို မရိုးမယွဖြစ်စေသည်တော့အမှန်။

ဘယ်လိုကနေ ဘယ်လို သူ ထိုအဖြစ်သို့ရောက်ရတာလဲ။ အဖြစ်အပျက်သည် နည်းနည်းလေးမှ စိတ်ကျေနပ်ဖွယ်မရှိ။ ထက်လင်းနှင့်တွေ့ဆုံပြီးနောက်တွင် သူ နီစွေးနှင့် အေးအေးဆေးဆေး စကားပြောရန် သူအခွင့်မရ၍ စိတ်အခြေအနေမကောင်းနေသည်ကို အဖြစ်အပျက်တို့မဖြစ်လာမီ နံနက်စောစောတွင်...

"ဒီနေ့စာပေတိုက်ရဲ့ နှစ်ပတ်လည်ပွဲရှိတယ် အဲ့ဒါငါ သွားမှရမယ်... မင်းငါ့ကို လာကြိုတတ်ပြီ မဟုတ်လား..."

မေးလာသည့် နီစွေးကို သူကြည့်ကာ ခေါင်းညိတ်၏။ ခေါင်းသာညိတ်သော်လည်း သူ ဘယ်လောက်များ စိတ်တိုနေလိုက်မည်လဲ။ သူ စကားပြောချင်သည် သူ့တွင် မေးခွန်းများ မြောက်မြားစွာရှိသည်။ ထက်လင်းနှင့် တွေ့ဆုံပြီးကတည်းက နီစွေးက သူ့နဂိုပုံမှန်အတိုင်းသာ နေနေသည်မို့ သူ ဘယ်ကဘယ်လို စကားစရမှန်းမသိ စဉ်းစားနေသည်က အကြံမထွက်လာသေး။

အဲ့ဒါကို နီစွေးက စာပေတိုက်နှစ်ပတ်လည်ပွဲသွားရမည်တဲ့။ မုန်းစရာကောင်းလိုက်တဲ့ လူမှုရေးကိစ္စပါလား။ တစ်နေကုန် သူ့မျက်စိရှေ့တွင် ရှိနေသည်တောင်မှ သူ တစ်ခုခု မပြောနိုင်သေးသည်ကို။

"အင်း ငါ့ကို လာကြိုပေးဖို့အတွက် ငါ ဖုန်းဆက်လိုက်မယ်... အထိုက်အလျောက်လောက်တော့ မင်းလည်းသွားတတ်နေပြီပဲ..."

ထို့နောက် ပြောထားသည့်အတိုင်း သူ့ထံဖုန်းဝင်လာတော့ ည ၁၁နာရီခွဲ။ သိပ်မဝေးသည့် နေရာမို့ သူ ဆယ်မိနစ်ခန့်အငှားကား စီးလိုက်ရုံဖြင့် ရောက်သွားတော့သည်။ ထို့သို့ဖြင့် သူတို့၏ နှစ်ပတ်လည်ပွဲဆိုတာကြီး ပြီးသည့်နောက်တွင်တော့ ခေါင်းပင်မထောင်နိုင်သည့် နီစွေးသည် သူ့လက်ထဲသို့ ရောက်လာသည်။

Schmaltz [Own Creation]Where stories live. Discover now