Epilogue

5.3K 591 65
                                    

Zawgyi

မျက်လုံးများဖွင့်လိုက်ချိန်တွင် သူသည် အခန်းထဲတွင်သာရှိနေ၏။ သူ တစ်ယောက်သာ အိပ်စက်နေသည့် တစ်ယောက်အိပ်ရန်ထက်ကျယ်ဝန်းသော ခုတင်ထက်တွင် သူ လျဲလျောင်းနေရာမှ မထသေး။ မျက်လုံးများပေါ်ကို သူ လက်တင်သည်။ သူ့ လက်ဖျံ၏ အုပ်မိုးမှုကြောင့် သူ မျက်လုံးများကို မှိတ်တော့ ပါးပြင်ထက်သို့ စီးဆင်းသွားသည့် မျက်ရည်ကြည်ဥတချို့။

"နီစွေး..."

ထိုအမည်ကို သူ ရေရွတ်တမ်းတသည်။

သူ့မွေးဖွားမှုသည် သူမအတွက်တော့ ကျိန်စာအိပ်မက်ဆိုးတစ်ခုဟု သူ့မိခင်သည် ပြောဖူးခဲ့သည်။ သူမ မိခင်၏ တစ်ခုတည်းသော ဆန္ဒက Camelot ကိုအုပ်စိုးရန်။ မိခင်ဖြစ်သူ အစွမ်းထက်သည့် ကဝေပျိုသည် ယောကျာ်းသားတစ်ယောက်ကိုမှ စိတ်ဝင်စားမှုမရှိဘဲ ပြည့်ရှင်သခင်သာ ဖြစ်လိုစိတ်ရှိခဲ့သည်။ သို့သော် နဂါးတစ်ကောင်သည် သူမ၏ အလိုဆန္ဒတို့ကို ဖျက်ဆီးလိုက်လေ၏။

မည်သူမှ ဖော်ပြ၍မရသည့် မှော်အစွမ်းတစ်ခုဖြင့် ထိုနဂါးဖြစ်သူသည် လူ့အသွင်သို့ ပြောင်းနိုင်ခဲ့သည်။ တစ်ခုသောညတွင် ထိုနဂါးကောင်သည် လူတို့တီထွင်သည့် သေရည်သေရက်တစ်မျိုးကို သောက်သုံးမိ၏။ မတော်တဆ... သူ မတော်တဆဆိုသည်ကိုနည်းနည်းလေးမှ အယုံအကြည်မရှိ သူ့မိခင်ရှိနေသည့်အချိန်တွင် ထိုနဂါးအမျိုးသားသည် ထိုသေရက်အစွမ်းကြောင့် မှောက်မှားခဲ့ကြသည်။

မှောက်မှားခဲ့ကြသည်ထက် သူ့မိခင်က အလိုမတူဘဲ သားမယားပြုကျင့်ခံရသည်ဟု သူ ဆိုရမည်ထင်သည်။ သူ့မိခင်လို အစွမ်းထက်သည့် ကဝေပျိုက သာမန်ယောကျာ်းတစ်ယောက် မာလင်လို မှော်ဆရာကိုပင် လွင့်ထွက်သွားအောင် လုပ်စွမ်းနိုင်စွမ်းရှိသော်လည်း နဂါးတစ်ကောင်သည် သူမ၏ မှော်အစွမ်းကို ဖြုံပင်မဖြုံ။

နဂါးတစ်ကောင်၏ မျိုးပွားနိုင်စွမ်းရည်ကြောင့်လားပဲ သူ့မိခင်တစ်ကိုယ်လုံးသည် ထိုသူ၏ မျိုးပွားရည်တို့ဖြင့် ပြည့်နှက်သွား၍လားမသိ သူသည် လူ့လောကသို့ ရောက်လာရန် အခွင့်အလမ်းရရှိခဲ့၏။ သူ့အသက်စတင်ဖြစ်တည်လာသည်နှင့် သူ့မိခင် ပထမဆုံးလုပ်သည့် အလုပ်က သူ့ကိုဖျောက်ဖျက်ရန်။ သူ့ညီအစ်မများ တားမြစ်ကြသည့်တိုင် သူ့မိခင်သည် အညှာအတာမဲ့စွာ သူ့ကို သတ်ဖြတ်ရန်သာ ဆုံးဖြတ်ထားပုံရသည်။ သန္ဓေတည်ခြင်းသည် လအနည်းငယ်သာ ရှိသေးသော်လည်း သူ့မိခင်သည် သူ့ကို အကြိမ်ပေါင်းမရေတွက်နိုင်စွာ သတ်ဖြတ်ခဲ့သည်။

Schmaltz [Own Creation]Where stories live. Discover now