Part - 18 : Impossible! I encounter Blockage?

3.4K 549 41
                                    

Zawgyi

"နီစွေး..."

အခန်းထဲမှ ထွက်လာသူကို သူ ဝမ်းသာစွာလှည့်ကြည့်လေ၏။ နီစွေးတစ်ယောက် စိတ်သာကြည်လင်နေခဲ့လျှင် သူ့ကို ဆိုဖာခုံလေးပေါ် လက်လေးနှစ်ဖက်တင်ကာ ကြည့်လာသည့် Vincent သည် ခွေးတစ်ကောင်သာ ဖြစ်ခဲ့ပါက နားရွက်လေးထောင်ကာ အမြီးသည် ပန်ကာသဖွယ် တဝီဝီလဲနေလောက်သည်ဟု တွေးထင်လောက်သည်။

"နီစွေး..."

စိတ်လက်မကြည်သာသည့် ပုံစံဖြင့် မျက်နှာသုန်မှုန်နေသည့် နီစွေးကို Vincent ကြည့်၏။ နီစွေးတစ်ယောက် ဘာများ စိတ်မကြည်စရာဖြစ်နေတာလဲ။

"ငါ့ကို ကော်ဖီတစ်ခွက်လောက်ဖျော်ပေး... သံပုရာသီးညှစ်ပေး..."

ဧည့်ခန်းတွင်ထိုင်နေသည့် သူ့ကို ကျော်ဖြတ်ကာ ထမင်းစားပွဲတွင်သွားထိုင်ပြီး စားပွဲနှင့်နဖူးအပ်နေသည့် နီစွေးကို Vincent ကြည့်သည်။

"ကျွန်တော် ကော်ဖီနှပ်ပေးရမလား..."

"3 in 1 တစ်ခွက်သာ မြန်မြန်ဖျော်လိုက်ပါကွာ ငါ စောင့်ချင်စိတ်မရှိဘူး..."

သံရှည်ဆွဲကာ စိတ်ညစ်ညူးစွာပြောလာသည့် နီစွေးကို Vincent ကြည့်ရင်းခေါင်းတစ်ချက်ယမ်းသည်။ သုံးမိနစ်ရေနွေးအိုးဖြင့် ရေနွေးတည်ပြီးနောက် နီစွေးသောက်နေကျ ကြောင်ရုပ်ပါကော်ဖီခွက်ထဲသို့ သူ ပရီမီယာကော်ဖီတစ်ခွက် ဖောက်ထည့်ကာ မှာထားသည့်အတိုင်း သံပုရာသီးတစ်လုံးကို စိတ်ကာ အချဉ်ညှစ်ထည့်ပေးရ၏။ နီစွေးတစ်ယောက်သည် ကော်ဖီကို ထိုသို့ ဘယ်လိုများသောက်မှန်း သူ နားမလည်။ Black Coffee ဆိုလည်း black coffee ပေါ့။

"ရပြီ..."

သူ နီစွေးရှေ့တွင် ကော်ဖီခွက်ချပေးပြီးနောက် နီစွေးဘေးတွင် ခုံကိုစွဲကာ ဝင်ထိုင်၏။

"အဆင်မပြေတာ တစ်ခုခုရှိလို့လား..."

ကော်ဖီခွက်အပူအအေးကို ဇွန်းဖြင့်ခပ်ကာ လျှာတစ်လစ်ဖြင့် စမ်းသပ်နေသည့် နီစွေးကို သူ ကြည်မေးတော့ ဇွန်းကို ကော်ဖီခွက်ထဲပြန်ချပြီး...

"အင်း..."

"စဉ်းစားတာက ချက်ချင်းတော့ အမြဲတမ်းဘယ်ရနိုင်မလဲ နီစွေးရဲ့... စာရေးဆရာတွေက စာအုပ်တစ်အုပ် တစ်အုပ်ရဖို့ ခရီးတွေထွက်ရတယ်ဆို အမြဲတမ်းတော့ Plot တွေ ဘယ်ရနိုင်မလဲ..."

Schmaltz [Own Creation]Where stories live. Discover now