Part - 12 : I got too many questions when it comes to you!

3.6K 625 26
                                    

Zawgyi

"အင်း အပေါ်နည်းနည်းတိုးဦး..."

"ဒီနားလား..."

"အင်း ဟုတ်တယ်..."

ကျေနပ်သံဖြင့်ပြောလာသည့် နီစွေးကြောင့် အနောက်တွင် ဆက်ကြောဆွဲပေးနေရာမှ Vincent ပြုံးသည်။ ကွန်ပျူတာရှေ့တွင် ဆောင့်ကြောင့်ထိုင်နေရာမှ သူ့ကိုခေါင်းလှန်ကာမော့ကြည့်တော့ သူ ဘာပြောမလို့လဲဆိုသည့် မျက်လုံးဝိုင်းများဖြင့် နီစွေးကိုကြည့်၏။

"မင်းက အရမ်းကို နေတတ်လွန်းတယ်... ရပြီ မလုပ်နဲ့တော့..."

နီစွေးမော့ကြည့်ကာ မကျေနပ်သလို ပြောကာ သူ ပေးပို့ရမည့် စာမူကို ပြန်ပြင်နေတော့ အညောင်းပြေစေရန် ဝန်ဆောင်မှုပေးနေသည့် လက်တို့သည် ရပ်တန့်သွား၏။ သူ့ဘေးနားလေးတွင် ခုံတစ်လုံးဆွဲကာ ကပ်ထိုင်သည့် Vincent ကို သူ မျက်လုံးထောင့်စွန်းများမှ အာရုံမထားသော်လည်း မြင်နေရသည်။

သူတို့နှစ်ဦး၏ တစ်နေ့တာနေ့ရက်တို့ကို ကျော်ဖြတ်မှုက ထိုသို့ပင်။ Vincent သည် သူတို့ကမ္ဘာသို့ရောက်လာသည်က ရက်သတ္တပတ်မှသည့် လအနည်းငယ်အဖြစ်သို့ ချဉ်းနင်းဝင်ရောက်ခဲ့လေပြီ။

စာရေးခြင်းကသူ၏ အဓိက ဝင်ငွေမဟုတ်သဖြင့် နီစွေးသည် Vincent ကို အသာလေး သူ့အိမ်တွင် တင်ကျွေးထားနိုင်သည်။ နီစွေး၏ အဓိက ဝင်ငွေက သူ့ကို ပိုးမွေးသလို မွေးထားသည့် သူ့အိမ်မှ။ မိဘပိုက်ဆံလက်ဖြန့်တောင်းရုံပင်မလိုအောင် လစဉ်သူ့ဘဏ်အကောင့်ထဲသို့ အိမ်မှအလိုက်တသိ ငွေဖြည့်ပေးလေ့ရှိသည်။

နောက်ပြီး Vincent ရှိနေခြင်းက သူ့ကို ထမင်းမငတ်စေ။ ထမင်းပင်ထခူး၍ ပျင်းလွန်းသည့် ရက်များတွင် သူ ခွေခေါက်ပေတေကာ အိပ်စက်နေသည့်နေရက်တို့ရှိသည်။ သို့သော် ထိုနေ့ရက်တို့က Vincent ရောက်လာချိန်တွင် ကုန်လွန်သွားချေသည်။

ယခင်က ဟောင်းလောင်းဖြစ်နေသည့် ရေခဲသေတ္တာသည် သားငါးနှင့် ဟင်းရွက်တို့ဖြင့် ပြည့်လာသလို ခေါက်ဆွဲခြောက်များသာရှိတတ်သော မီးဖိုအပေါ်မှ ဘီရိုငယ်ထဲတွင် အခြားသော အခြောက်အခြမ်းတို့ ရှိနေတတ်ပြီ။

Schmaltz [Own Creation]Where stories live. Discover now