Part - 21 : A stubborn confession...

3.1K 535 57
                                    

Zawgyi

"စာအုပ်ဆိုင်သွားမလို့ လိုက်မလား..."

အိမ်တွင်တစ်ယောက်တည်းနေရတတ်သော Vincent ကို သူမေးတော့ သူ့ကို အံ့သြတကြီး ကြည့်လာသည့် Vincent...

"ဒီနေ့ မင်းရဲ့အကြောင်းရေးထားတဲ့ စာအုပ် Volumn 1 ထွက်တယ်လေ..."

Christmas ရက်ကွက်တိ ဆိုင်များတွင်တင်သည့် Glory ၏ Christmas အစီအစဉ်က သူ့စာအုပ်ဖြစ်နေလိမ့်မည်ဟုတော့ သူ မထင်ထား။ ထားလိုက်ပါတော့ စာအုပ်ဖြန့်ချီရသည့် ဌာနက ရောင်းချရေးပိုင်းမှသူများ၏ Schdule အတိုင်းလုပ်ရသည်မို့ သူတို့ဘာတွေတွေးပြီး ဘယ်လိုတွေလုပ်လိုက်ကြလဲ သူမသိ။ သူ့စာအုပ်က Christmas အစီအစဉ်ဖြစ်သွားသည်တော့အမှန်။

"လိုက်လို့အဆင်ပြေပါ့မလား..."

"ပြေပါတယ် ငါတစ်ယောက်တည်းပဲဟာကို..."

"ဟုတ်..."

ထိုသို့ဖြင့် စာအုပ်ဆိုင်သို့သွားရန် သူတို့အိမ်မှထွက်လာဖြစ်တော့သည်။ သူတို့ Glory နှင့် အမြဲအဆက်အဆံရှိသည့် ကုန်တိုက်တစ်ခုမှ စာအုပ်ဆိုင်သို့ သူ အလျင်သွားတော့ သူ့စာအုပ်များကို စီရီနေသည့် အရောင်းဝန်ထမ်းကောင်မလေးသည် သူ့ကို မြင်သည်နှင့် နှုတ်ဆက်လာလေ၏။

"ကိုနီစွေး လာကြည့်တာလား...ဟီးဟီး သမီးတောင် တစ်အုပ်ဝယ်ထားသေးတယ်..."

"ဖြစ်ရမယ် အရမ်းတွေပိုက်ဆံမဖြုန်းပါနဲ့ Online မှာလည်း ဖတ်ပြီးသားပဲကို..."

"ဒါပေမဲ့လည်း သိမ်းထားချင်တာပဲကို..."

"ဟုတ်ပါပြီ..."

နီစွေးနှင့် အရောင်းဝန်ထမ်းအချို့စကားပြောနေသည်ကို Vincent ခပ်လှမ်းလှမ်းမှသာ ငေးကြည့်နေမိသည်။ သူနှင့်နီစွေးအကြားမှ ဆက်ဆံရေးသည် ဘာမှမဖြစ်ဘူးထင်ရသော်လည်း သူတို့နှစ်ဦးအကြားတွင် မမြင်ရသည့် တံတိုင်းတစ်ခုခြားထားသည်ကို သူ ကောင်းကောင်းသိ၏။

နီစွေးသည် သူ့ကို ယခင်အတိုင်းသာဆက်ဆံသည်။ သူ့ခေါင်းမှဆံပင်တို့ကို ဖွဆဲ။ သူ ဟင်းချက်နေလျှင် လုပ်ရိုးလုပ်စဉ်အတိုင်း စိတ်ကူးပေါက်လျှင် သူ့ကျောကို ပါးအပ်ကာ ဘာချက်နေလဲ မေးတတ်မြဲ။ နီစွေး၏ ဆက်ဆံမှုတို့သည် ထူးခြားပြောင်းလဲသွားခြင်း နည်းနည်းလေးမှ ရှိမနေ။

Schmaltz [Own Creation]Where stories live. Discover now