Part - 36 : I want to leave you because I don't want you to vanish forever

2.9K 451 14
                                    

Zawgyi

"Vincent..."

နံနက်ခင်း ထမင်းစားပွဲဝိုင်းတွင် Vincent သည် သူ့အမည်ကို ခေါ်လာသည့် နီစွေးကို ကြည့်လေ၏။ နီစွေး၏ မျက်နှာလေးသည် ညှိုးငယ်နေ၏။

"ငါ... ငါတို့က မဖြစ်နိုင်ဘူး..."

"ဘာလို့လဲ..."

သူ့အသံက တည်တည်ငြိမ်ငြိမ်သာ။ ထိုစကားတို့ကို နီစွေးပြောလာမည်ဆိုသည်ကို သူ ခန့်မှန်းထားပြီးသား။ နီစွေးသည် တကယ်ကို ငကြောက်လေးတစ်ယောက်ပဲ။ သူက လူတစ်ယောက်ကိုချစ်လည်းချစ်ချင်တယ်။ သူ ခံစားရမှာလည်း ကြောက်တယ်။

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အမြဲတမ်းပျော်ရွှင်စရာတွေချည်းပဲ ပြည့်နှက်နေတာမှ မဟုတ်တာ။ လူတစ်ယောက်ကို ချစ်တာက ငိုကြွေးမြည်တမ်းခြင်းတွေလည်းပါမှာပဲလေ။ နာကျင်ရမှာပဲလေ။ ဒီလိုနဲ့ပဲ အချစ်က ပိုတည်မြဲလာတာ မဟုတ်ဘူးလား။ ဒီလိုနာကျင်မှုတွေက တည်မြဲလာတာမို့ပဲ သူတို့ ပိုတန်ဖိုးထားတတ်လာကြတာမဟုတ်ဘူးလား။

"မင်းက ပြန်သွားရမဲ့သူ..."

နီစွေးသည် ထိုစကားကို သူ့မျက်လုံးများကို မကြည့်ဘဲ ပြောခြင်း။ သူ မျက်နှာလွှဲထားသည့် နီစွေးကိုကြည့်ပြီး...

"ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ပြောလို့မရဘူးလား..."

နီစွေးသည် ပြန်လှည့်မလာ။ သူ့ကို မျက်နှာလွှဲထားဆဲ။ သူ နီစွေးနားသို့ ခုံကိုဆွဲကာ သွားထိုင်သည်။ နီစွေးမျက်နှာလွှဲသည့်ရှေ့တွင် ထိုင်ရင်း လက်ဖြင့် မေးကိုပင့်မော့စေတော့ မျက်ရည်များဝဲနေသည့် နီစွေး။ တစ်ညလောက်စိတ်ဖိစီးလိုက်သည်နှင့် သိသာနေသည့် မျက်ကွင်းညိုများ။ သူနှင့် မျက်နှာချင်းဆိုင်နေရသည်တောင် မျက်လုံးများသည် သူ့ထံသို့မကြည့်သေး။

"ကျွန်တော့်ကို မကြည့်ချင်တော့လောက်အောင်လား... ကျွန်တော်က ကျွန်တော့်ကမ္ဘာပျက်သွားမယ်ဆိုတာကို လိမ်လို့..."

လိမ်ညာထားခြင်းမြောက်မြားစွာရှိသော်လည်း သူ နီစွေးသိသည့် မေးခွန်းကိုသာ မေး၏။ နီစွေးသည် အောက်နှုတ်ခမ်းကို ဖိကိုက်သော်လည်း သူ့ကို မကြည့်လာသေး။

Schmaltz [Own Creation]Where stories live. Discover now