Part - 2 : The Author and The Protagonist

8.1K 877 12
                                    

Zawgyi

Excalibur Destroyer... လက်ရှိအချိန်တွင် Trend အဖြစ်ဆုံးသော Novel Series... Novel Series တို့သည် မည်သည့်အချိန်တွင် ခေတ်ထခဲ့မှန်းမသိ။ သို့သော် Novel Series တို့ ခေတ်စားနေသည်တော့ အမှန်။

Excalibur Destroyer သည် ထို Novel Series များတွင် No.1 နေရာ၌ ရပ်တည်နေသည့် Series...

ခမ်းနားသည့် ဥရောပအလယ်ခေတ်၏ အငွေ့အသက်တို့လွှမ်းခြုံထားပြီး နဂါး၊ မှော်ဆရာ၊ ဆေးပညာရှင်၊ သူရဲကောင်း၊ ပြန်လည်ထူထောင်မည့် နိုင်ငံတော် အစရှိသည့် အကြောင်းအရာတို့ဖြင့် ဖွဲ့စည်းထားသည့် Series တစ်ခု။

ထူးခြားသည်က Arthur Pendragon ဟု အမည်ကျော်ကြား ထင်ရှားခဲ့သည့် ဘုရင်တည်ထောင်ထားသည့် Camelot ကို အခြေခံကာ ခွဲထွက်ရေးသားထားသည့် ဇာတ်လမ်းတစ်ခု။

ဇာတ်လိုက်သည် ဘုန်းကံကြီးသည့် ဘုရင်ကို တိုက်ခိုက်ပြီး မှော်ဆရာ Merlin ကို အနိုင်ယူတိုက်ခိုက်ရသည်။ နဂါးကိုသတ်တယ်။ ထီးနန်းကို သိမ်းတယ်။ သိပ်ပြီးထူးခြားမှုမရှိသေး။ Excalibur ဟူသည့် တော်ဝင်ဓားကို ဖျက်ဆီးပစ်လိုက်သည်! ဖျက်ဆီးပစ်လိုက်သည်တဲ့!

ဇာတ်လိုက်ခမျာ စွန့်ပစ်ခံရ။ ကျေးလက်တွင် မွေးစားခံရကာ မိမိကိုယ်မိမိ ဘာကောင်မှန်းပင် မသိရရှာ။ စာဖတ်သူတို့ထဲမှ အချို့ သာ ထိုဇာတ်လိုက်၏ မိဘများကို မှန်အောင်ခန့်မှန်းနိုင်ခဲ့သည်။ ဒါတောင် မိခင်ကိုသာ ဖခင်မပါသေး။

အလှလေးများဝန်းရံထားသည့် ဇာတ်လိုက်သည် နောက်ဆုံးတွင် မည်သူတစ်ဦးနှင့်မှ လက်မတွဲရရှာဘဲ တိုင်းပြည်ထူထောင်မည်ဟု ဇာတ်သိမ်းချလိုက်သည်။

နီစွေး! ခင်ဗျားကို အပြင်မှာ တွေ့ကြည့်သတ်ပစ်မယ်! ယောကျာ်းလေးအများ၏ ကြွေးကြော်သံ။ အချောအလှတွေများတာကို တစ်ကိုယ်တည်းနေခိုင်းလိုက်တယ်! အား နောက်တစ်ခါ သူ့စာကို ဖတ်ရင် ငါ့ကိုယ်ငါသတ်သေမယ်! အမြဲတမ်းပဲ သူ အကျင့်မကောင်းတာသိသိနဲ့ ငါက Masochist များလား!

စာဖတ်သူတို့ကို ဒေါသထွက်အောင်အလုပ်နိုင်ဆုံး ထိုစာရေးဆရာ နီစွေးကို ဇာတ်သိမ်းတိုင်း သူတို့ သတ်ပစ်ချင်သော်လည်း၊ ဇာတ်လမ်းတစ်ခုဇာတ်သိမ်းတိုင်း ဘယ်တော့မှ မဖတ်ဘူးဟု ကြုံးဝါးသော်လည်း သူ New Story Update ပြန်လျှင်လည်း သူတို့မဖတ်ဘဲလည်း မနေနိုင်ပြန် ။

Schmaltz [Own Creation]Where stories live. Discover now