Part - 17 : I don't want to go back

3.7K 581 33
                                        

Zawgyi

စာရေးသူတစ်ယောက်နှင့်တစ်ယောက်သည် ဇာတ်လမ်းဇာတ်အိမ်နှင့် ဇာတ်ကောင်စဉ်းစားမှုမျိုးက သူ့နည်းသူ့ဟန်နှင့်သူ မတူညီကြ။ အချို့သူတို့က ဇာတ်လမ်းဇာတ်အိမ်ဟူသော အိမ်သို့မဟုတ် ကမ္ဘာကို အလျင်ဆောက်သို့မဟုတ်ဖန်တီးပြီးမှ ဇာတ်ကောင်ဟူသည့် ထိုအိမ်ထဲနေမည့်သူ သို့မဟုတ် ထိုကမ္ဘာတွင်နေထိုင်မည့်သူကို ထည့်သွင်းရန်စဉ်းစားကြသည်။

အချို့ကြပြန်တော့လည်း ဇာတ်ကောင်ကို အလျင်တွေ့ကြ၏။ ထို့နောက်မှ ဇာတ်ကောင်စရိုက်နှင့်ကိုက်ညီသည့် ဇာတ်လမ်းကို ပြန်စဉ်းစားပေးကြသည်။ နောက်တချို့ကြပြန်တော့ ဇာတ်ကောင်တို့သွားလိုရာသွားဟုဆိုကာ လွှတ်ပေးရင်း မိမိတို့ဇာတ်လမ်းကို ဖန်တီးကြပြန်သည်။ အချို့သူများကတော့ အတွေးပုံရိပ်သေးသေးလေးတစ်ခု မြင်မက်ခြင်းသေးသေးလေးတို့ကို ချဲ့ကားကာ ပုံဖန်တီးကြပြန်၏။

သူ့နည်းသူ့ဟန်နှင့် ဟုတ်နေကြသည့် သူတို့စာရေးသူလောကထဲတွင် သူ့ ဖန်တီးမှုများက အထက်ဖော်ပြပါ နည်းလမ်းများထဲတွင်မပါ။ ဇာတ်ကောင်ဟူသည့် သူများကို သူ ရှာတွေ့သည်။ ထူးထူးဆန်းဆန်း ရူးနှမ်းသည့် စကားမျိုးဖြင့်ပြောရလျှင်တော့ သူ ဝတ္ထုရေးမည်ဆိုပါက သူ့မျက်လုံးများကို မှိတ်ကာ သူ့စိတ်ကို ပကတိငြိမ်သက်ခြင်းသို့ ရောက်အောင် ပို့ဆောင်လိုက်ရုံသာ။

စိတ်သည်ငြိမ်သက်လွန်းနေပြီ စဉ်းစားနေသည်တွေးတောနေသည်ဆိုသည့် အတွေးပင် မရှိလောက်အောင် တိတ်ဆိတ်နေလိမ့်မည်။ ထိုအချိန်တွင် သူ့ကိုမိမိတို့ဖြတ်သန်းရသည့် ဘဝအတွေ့အကြုံ မိမိတို့ကမ္ဘာကို ပြလိုသည့် ဇာတ်ကောင်များသည် လာရောက်ဆက်သွယ်ကြလိမ့်မည်။ ဤကား သူ၏ ဇာတ်လမ်းများကို သူ မည်သို့ဖန်တီးလဲဆိုသည့် မေးခွန်းကို မေးလေ့ရှိသူများအတွက် အဖြေ။

"ငါခဏ တစ်ယောက်တည်းနေဖို့လိုတယ်..."

ယခုလည်း ဇာတ်လမ်းအသစ်အတွက် သူ တစ်ယောက်တည်းနေဖို့လိုအပ်နေသည်မို့ Vincent ကို လှည့်ပြောတော့ မျက်နှာငယ်လေးဖြင့် ကြည့်သည့် Vincent...

"မင်း ရှင်းရှင်းနေတဲ့ စတိုခန်းမှာ မအိပ်ချင်ဘူးဆိုရင် ဧည့်ခန်းမှာအိပ်လေ..."

Schmaltz [Own Creation]Where stories live. Discover now