Part - 19 : The Reason of Blockage

3.3K 547 30
                                    

Zawgyi

"ငါအဆင်မပြေဖြစ်နေတယ်..."

အနီးရှိ Moon Bakery သို့ရောက်သည်နှင့် နှစ်ဦးသား မှာစရာရှိသည်ကို မှာပြီးနောက် နီစွေးတစ်ယောက် အချိန်မဆိုင်းဘဲ စကားစတော့ စေ ၏ အရောင်ဖျော့ဖျော့မျက်လုံးတို့က သူ့ထံသို့ ရွေ့လာ၏။

"စားစရာတောင် မစောင့်ပါလား..."

"ငါ နောက်တစ်အုပ်ရေးဖို့ Blockage ဖြစ်နေတယ်ထင်တယ်..."

သူနှင့်စေ၏ ဝတ္ထုတစ်အုပ်ကို ပုံဖော်ဟန်က တူညီသဖြင့် သူ စေကို အနှောင့်အယှက်ကင်းကင်း ပြောပြတော့ စေ ထံမှ 'သြော်' ဆိုသည့် စကားတစ်ခွန်းသာ ရလိုက်လေသည်။

"ငါတို့ နည်းလမ်းက Blockage ဖြစ်စရာမှ မရှိတာ..."

ထုံးစံအတိုင်း အနည်းငယ်ကြာအောင်စောင့်ပြီးမှ လာချပေးလာသည့် ခေါက်ဆွဲကြော်မှ အသားဖတ်ကို ကောက်ကာ ဝါးကြည့်ပြီးမှ စေသည် စကားပြန်စလာ၏။

"ငါ မင်းကို နောက်စရာအကြောင်းမရှိပါဘူး..."

စေ၏ မယုံသင်္ကာဖြစ်နေမှုကို ဒေါသမထွက်သော်လည်း သူနောက်နေတာမဟုတ်ဘူးဆိုသည့် စကားကို ရှင်းလင်းအောင် ပြောတော့ ခေါင်းညိတ်ပြလာသည့် စေ။ ခေါင်းညိတ်လိုက်မှုကြောင့် မျက်နှာသို့ခပ်ပျော့ပျော့ဝဲကျနေသည့် ဆံပင်ဖြောင့်ဖြောင့်တို့သည် လှုပ်ခါသွားကြ၏။

"မင်း မနောက်မှန်းငါ သိပါတယ်... ငါတို့က နောက်ပြောင်ရမဲ့ ဆက်ဆံရေးရှိတာမှ မဟုတ်တာ..."

အသားဖတ်များသာ ရွေးစားနေသည့် စေ ကို ကြည့်ကာ နီစွေးသက်ပြင်းမောရှိုက်သည်။

"မင်း မကြိုက်ရင် ဘာလို့ မှာစားနေသေးလဲ အစားအသောက်ကို ဖြုန်းတီးရာကျတယ်..."

"မဖြုန်းတီးပါဘူး ငါ ပိုက်ဆံပေးထားသားပဲ... တန်ရာတန်ကြေးပေးဝယ်ပြီး မကြိုက်လို့ မစားတာကို ဖြုန်းတီးတယ်လို့ ဘယ်သူက သတ်မှတ်တာလဲ... အဓိပ္ပာယ်မရှိတာတွေ..."

ဆက်မငြင်းလိုပါဆိုသည့် မျက်နှာဖြင့်သာ သူ စေ့ကို ကြည့်လိုက်တော့သည်။ စေ တစ်ယောက်ကတော့ အဖက်မလုပ် ပုစွန်ဖတ်ကောက်စားလိုက် အခြားသော အသားဘက်ကောက်စားလိုက်နှင့် အလုပ်များနေ၏။

Schmaltz [Own Creation]Where stories live. Discover now