Part - 13 : Attachment...

3.7K 615 32
                                    

Zawgyi

တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေမှုကို အာရုံလွှဲရန်အတွက် သူ့ကို မင်သက်နေသည့် မျက်နှာဖြင့် ငေးစိုက်ကြည့်နေသည့် Vincent နဖူးကို သူ ခေါင်းဖြင့် ဂွက်ခနဲဆောင့်တိုက်သည်။

"အ!"

ထို့နောက် ကိုယ့်နဖူးကိုယ်ကိုင်ကာ မျက်နှာကို မဲ့ရှုံ့ကာအော်ရလေတော့၏။ နဖူးဖြင့်အတိုက်ခံရသူက သူဖြစ်သော်လည်း နာကျင်ကြောင်းပြ အော်ဟစ်မှုကို ပြုနေသူက နီစွေးဖြစ်နေချိန်တွင် Vincent ရုတ်တရက် ဘာလုပ်လို့လုပ်ရမှန်းမသိ။ သူ့နဖူးကို ဂွက်ခနဲဆောင့်တိုက်ကာ မိမိနဖူးမိမိကိုင်နေသည့် နီစွေးကိုသာ သူ မျက်ပေတုံလေးဖြင့် ကြည့်သည်။ ဘာဖြစ်လို့အခုလိုလုပ်တာလဲဟု သူမေးရန်ပြင်စဉ် ရှုံ့မဲ့မဲ့မျက်နှာဖြင့် ထအော်သည့် နီစွေး။

"ဘယ်လိုနဖူးက ဒီလောက်မာနေရတာလဲ!"

ပေစောင်းစောင်း မျက်နှာဖြင့် ရှူသိုးသိုးအသံဖြင့် ထအော်လာသည့် နီစွေးကိုကြည့်ပြီး Vincent မရယ်ဘဲမနေနိုင်။ အသံထွက်အောင်ပင်သဘောကျစွာ ရယ်နေသည့် Vincent ကို နီစွေးကြည့်၏။ သူ့မျက်စောင်းများကို သတိထားမိလာသည့် ငနဲသားလေးက သူ့ကို ရယ်သံစွက်ချစ်စနိုးချော့မြူသည့် အသံဖြင့် မေးလာလေ၏။

"နီစွေးက ဘာလို့ ကျွန်တော့်ကို အခုလိုလုပ်တာလဲ..."

"မကျေနပ်လို့!"

ဘွင်းဘွင်းရှင်းရှင်းဖြေလာသည့် အဖြေက Vincent မျက်နှာထက်တွင် အပြုံးတစ်ခုကို ဖြစ်ပေါ်စေသည်။

"ကျွန်တော်လည်း မကျေနပ်အောင် ဘာမှမလုပ်မိပါဘူး... ပြ ကျွန်တော့်ကို..."

နဖူးပေါ် အုပ်ကိုင်ထားသည့် လက်ကို ဆွဲဖယ်ရန် လက်လှမ်းလာသည့် Vincent ကို မျက်စောင်းမကျတကျ အကြည့်တစ်ချက်ပေးပြီးနောက် နီစွေး နဖူးထက်မှ လက်ကိုရုပ်၏။ စင်စစ် သူ့နဖူးအခြေအနေကို ရေချိုးခန်းထဲရှိမှန်ကို သွားကြည့်၍ရသော်လည်း သူ ထိုင်နေရာမှမထချင်ပါလေ။ ကမ္ဘာ့အပျင်းဆုံးလူသားစားရင်းအဖြစ် ဂရင်းနစ်စံချိန်ဝင်နိုင်သည်ဟု သူ့ကို ချီးကားတို့တစ်သိုက် ပြောပြောနေခြင်းသည် အလကားမဟုတ်။

Schmaltz [Own Creation]Where stories live. Discover now