Unicode
စိမ်း မျက်စိရှေ့ကကောင်မလေးသေးသေးလေးကိုသေချာ ကြည့်နေမိသည်။ ကြည့်ရတာ စိမ်း နှင့် ရွယ်တူပဲ ရှိနေလိမ့်အုံးမှာ။ရောက်လာသည့် အချိန်ကတည်းက ဘာစကားတစ်ခွန်းမှ မဆိုပဲ ကြိတ်ငိုရှိုက်နေလိုက်တာများ တစ်ချက်တစ်ချက်ဆို ရှိုက်သံလေးပင်ထွက်လို့ ။ ခန္ဓာကိုယ်သေးသေးလေးက တုန်လှုပ်နေသေးတာဟာလည်း တစ်စုံတစ်ရာကို ကြောက်ရွံထိတ်လန့်နေပုံလည်း ရသေးသည် ။
စိမ်းဖေဖေ ၏ စကားအရတော့ ထိုကောင်မလေးကဖေဖေ တာဝန်ကျသွားသည့် ရွာလေးကတဲ့ ။ စစ်ဆရာဝန်ဖြစ်တဲ့ စိမ်းဖေဖေ တာဝန်ကျသွားသည့် မြန်မာနိုင်ငံမြောက်ပိုင်းက ထိုဒေသလေးက မငြိမ်းချမ်းဘူးဆိုတာ တီဗွီကနေနေ့တိုင်းမြင်နေကျမို့ စိမ်း သေချာသိပါသည်။ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ပွဲများမှာလည်း မပြတ်တမ်း ရှိနေတတ်၏ ။
လေးနှစ်သမီးသာ ရှိသေးသည့် စိမ်း၏ ဦးနှောက်သေးသေးလေးကတော့ အဓမ္မပြုကျင့်ခံရသည် ဆိုသည့်စကားကို အတိအကျ နားမလည်မိပေမဲ့ကောင်မလေး ၏ ထိတ်လန့်တုန်လှုပ်နေမှုကို ကြည့်ရင်းနှင့် စိမ်းပါရောယောင်ပြီး ငိုချင်လာတော့တာပင်။
ပြီးတော့စိမ်းဖေဖေ ကပြောသေးသည်။ကောင်မလေး၏ အဖေ နှင့် အမေကိုဓားပြတွေက သတ်သွားပြီး အိမ်ကို မီးရှို့ပြီးမှ
ကောင်မလေး ကို လူမဆန်စွာ ပြုမူခဲ့ကြသည်တဲ့ ။ဖေဖေ က သနားတာမို့ အိမ်ကိုခေါ်လာခဲ့တာတဲ့ ။တခြားအကြောင်းအရာများကို တိတိကျကျ နားမလည်ပေမယ့်ကောင်မလေးမှာ အဖေ နှင့် အမေ မရှိတော့တာမို့တစ်ယောက်တည်းကြောက်နေရှာမည်ဆိုတာကို စိမ်း၏ စိတ်ကလေးထဲ ခံစားမိတာကြောင့် ဖေဖေ့ထံမှ ခွင့်တောင်းလိုက်မိ၏ ။
"ဖေဖေ့ သူ့ကို
သမီးတို့နဲ့ အတူခေါ်ထားရအောင်နော်"အိမ်အထိ ခေါ်လာပြီးမှ ဇနီးနှင့် သမီးဖြစ် မကြည်ဖြူမှာ စိုးရိမ်နေပုံရသော ဖေဖေက ယခုမှ စိတ်သက်သာသွားသယောင် စိမ်းကို ပြုံး၍ ကြည့်လာသည်။
YOU ARE READING
ရွက်ကြွေ (GL-OC)
Romanceကြွေကတော့ သူဟာ နင်းချေခံ သစ်ရွက်ကြွေလေးလို့ ဆိုပါတယ်။ ကျွန်မအတွက်ကတော့ ကြွေဟာ ကဗျာတစ်ပုဒ်ရှိတဲ့ စာမျက်နှာမှာ မြတ်မြတ်နိုးနိုး သိမ်းထားချင်မိတဲ့ ရွှေရောင် ရွက်ကြွေလေးတစ်ရွက်လိုပါပဲ ။