အပိုင်း၂၁

8.7K 672 33
                                    

Unicode

စိမ်းဟာ ငယ်ငယ်ကလို လူဆိုးမကြီး မလုပ်တော့ဘဲ ကတိပေးထားသည့်အတိုင်း ကျောင်းပိတ်ရက် ရောက်ပြီဆိုတာနှင့် ကြွေ့ဆီ အလည်လာလေ့ရှိသည်မှာ ​စာမလုပ်ဘူးလားဟု ထင်ရသည်အထိ ။ ​ကြွေ အလုပ်သင်ဆင်းရသည့် ဆေးရုံအထိလည်း မကြာခဏ လာတတ်တာမို့ မမြင်ချင်မှ အဆုံးပင် ။ မမြင်ချင်တော့ဘူး ဆိုတာ မရှိပေမဲ့လို့ပေါ့ ။

ကြွေတို့ထက် အရင်စောကာ ကျောင်းပြီးသွားသော ​စိမ်းက ထိုအချိန်မှာ လုံးချင်းဝတ္ထုအချို့ ရေးနေခဲ့ပြီ ။ စိမ်းက လူကိုယ်တိုင်လည်း ချစ်မွှေးပါသလောက် စာရေးခြင်း၌လည်း စန်းတစ်မျိုး ရှိသည်ဟု ဆိုရမည်။ ပါရမီကြောင့် ၊ ကြိုးစားမှုများကြောင့်လည်း ရှိပေမည် ။ ​​ထိုနှစ်များမှာ စိမ်းက စာရေးသူလောက၌ နေရာတစ်နေရာ ရလာပြီး ဝင်ငွေလည်း ရှိနေခဲ့ပြီး ဖြစ်၏ ။ တစ်နှစ်ပိုကြီးသော ကြွေထက်လည်း စိမ်းက ပို၍ လူကြီးဆန်လာသည်။

ကြွေ ​ကျောင်းပြီးသည့်နှစ်မှာ စိမ်းက ကြွေ မမျှော်လင့်ထားသော အရာတစ်ခုကို ထုတ်ပြောလာသည်။

"​ကြွေ ငါတို့ လက်​ထပ်​ကြမလား
မဟုတ်သေးဘူး ၊ ငါ့ကို လက်ထပ်ချင်လား "

"ဟင်​"

ပထမတော့ ဘာပြန်ပြောရမည်မသိ ၊အံ့ဩ နေခဲ့၏ ။ စိမ်းကလည်း ကြွေ့တုံ့ပြန်မှုကို စိတ်ရှည်စွာပင် စောင့်နေခဲ့သည် ။ ထိုခဏ၌ ကြည်နူးခြင်းနှင့် ရှုပ်ထွေးခြင်း နှစ်ခုကို တစ်ပြိုင်တည်း ခံစားနေခဲ့ရသည်။ ​စိမ်းနှင့်လက်ထပ်ဖို့ကို တစ်ခါမှ မစဥ်းစားမိခဲ့၍ ဖြစ်မည် ။ ပြီးတော့ ဘယ်တော့မှ လက်မထပ်လည်း အမြဲ အတူတူနေ၍ ရမည်ဟု တွေးခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

​​

"လက်မထပ်လည်း
ငါတို့အမြဲ အတူတူနေလို့ရနေရင် ပြီးတာပဲ မဟုတ်လား ၊ အလကားသက်သက် လက်ထပ်လိုက်ပြီး အတူတူ မနေနိုင်တော့လောက်အောင် ရှုပ်ထွေးလာရင်ရော ၊ ငါကတော့ လက်ထပ်မှ ဖြစ်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး စိမ်း "

"အဲ့ဒါတွေ ထားပါလိုက်ပါအုံး
နင့်စိတ်ကရော ၊ ငါ့ကို လက်ထပ်ချင်သလား
ငါကတော့ နင့်ကို ငါ့သတို့သမီးလေး အဖြစ်နဲ့ မြင်ချင်တယ် ၊ နင်က ငါ့အပိုင်ပါဆိုတာကို တစ်လောကလုံးကို သိစေချင်တယ် "

ရွက်ကြွေ (GL-OC)Where stories live. Discover now