Special Part ( ရွှေရုပ် + ရွက်သစ်ဝေ )

11.5K 764 50
                                    

Unicode

စဥ့်အိုးထဲမှ ရေအေးအေးဖြင့် မျက်နှာသစ်ပြီးနောက် လတ်ဆတ်သော လေထုကို တဝကြီး ရှူရှိုက်ပစ်လိုက်ပြီးသော် စိတ်လက်ပေါ့ပါးသွားသလို ရှိသည်။ ဒီအတောအတွင်း ရခဲ့သမျှ ဒဏ်ရာများကိုလည်း တစ်ဝက်လောက် ကုစားပြီးသား ဖြစ်သွားသည်ဟုပင် ထင်ရ၏။

​​ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩရပါသည်။ ကြွေနှင့်ဝေးရာ ထွက်ပြေးမည်ဟုဆိုကာ ကြွေ့အငွေ့အသက်တွေရှိနေသော ဒီနေရာလေးကိုမှ ထပ်ပြီး ရောက်လာခဲ့ပြန်ပြီ။

အလည်သက်သက် ရောက်လာခဲ့ခြင်းတော့ မဟုတ်ပေ။ ထိုဒေသရှိ နယ်မြို့လေးဆီသို့ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ကျဆဲ အခိုက်မှာ ယခင်က ရောက်ခဲ့ဖူးသော ရွာလေးဆီသို့ ကျန်းမာရေးဟောပြောစစ်ဆေးခြင်းတို့အတွက် ရောက်ရှိလာခြင်းဖြစ်သည်။ ဆေးရုံအဖွဲ့ထက် တစ်ရက်ကြိုလာပြီး ယခင်က တည်းအိမ်လေးကိုပင် ပြန်သွားရာ ဝေ့ကို မှတ်မိပေးကြသဖြင့်သာ တော်သေးသည်ဟု ဆိုရမည် ။

မနက်အစောကြီး တည်းအိမ်မှ စုရပ်သို့ ရောက်သွကာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီး ဆေးရုံအဖွဲ့က တော်တော်နှင့် ရောက်မလာသေးသဖြင့် ဖုန်းဆက်ကြည့်တော့ မြို့နယ်ဆရာဝန်က အရေးပေါ်ခွဲခန်းဝင်ရသဖြင့် နောက်ကျမည်ဟု ဆိုလာသည်။နယ်မြို့လေး၏ ဆေးရုံဖြစ်သဖြင့် ဆရာဝန် ၊ ဆရာမများက များများစားစား သိပ်မရှိလှ ။ လူစုထားပြီးသား ဖြစ်နေသဖြင့် လယ်ယာအလုပ်မအားသည့်ကြားမှပင် ရောက်လာပေးကြသော မျက်နှာလေးများကို ကြည့်ကာ ဆက်ပြီးစောင့်နေ၍ မဖြစ်တော့သည်ကို တွေးမိသွားသဖြင့် စိတ်အိုက်သွား၏ ။

"မမ ... မမ ရွှေရုပ်​ရောက်​လာပြီ
​နောက်​မကျ​သေးဘူးမှလား ၊
ကား​က မနက်​အစောကြီးကရောက်​ပြီး အိမ်က လာကြိုတာလည်း နောက်ကျသွားလို့လေ ၊ ရေလည်းချိုးနေရတာနဲ့မို့ နည်းနည်းလေးနောက်​ကျသွားတာ အဟီး "

စိတ်အိုက်နေဆဲမှာပင် လေပြည်သဖွယ် တိုးဝင်လာသော ပုံရိပ်လေးတစ်ခု ။ မျက်လုံးဝိုင်းဝိုင်း ၊ ဆံပင်ရှည်ရှည်ဖြင့် ထိုပုံရိပ်လေးဟာ ကြွေနှင့်ပင် ဆင်တူလွန်းလှသဖြင့် ဆန္ဒလေးတစ်ခုဟာ အယောင်ယောင်အမှားမှား ထွက်ကျလာသည် ။

ရွက်ကြွေ (GL-OC)Where stories live. Discover now