အပိုင်း ၆

9.6K 823 19
                                    


Unicode

"ဟဲ့ .. နင်​တို့ စာ​မေးပွဲ​ဖြေနိုင်​ရဲ့လား
ငါ​က အောင်မှာတော့ အသေအချာပဲ 'ဒီ' ပဲ မမှန်းနိုင်တာ "

"အင်း .. ဖြေနိုင်ပါတယ်
'ဒီ' လည်း ခြောက်ဘာသာ အပြည့်ပဲ သေချာတယ် "

ဇီဝဗေဒ ဘာသာရပ် ကို ဖြေဆိုပြီးနောက် ​သူတို့ ပင်ပန်းခဲ့ရသော ဆယ်တန်းဆိုတာ ပြီးဆုံးသွားလေသည် ။ ကြွေနှင့် ဝေ တို့နှစ်ယောက်အတွက်ကတော့ အောင်မည် ၊ ကျမည် ကို သိပ်စိတ်ပူစရာ မလိုသော်လည်း သူတို့က ပိုပြီး စိတ်လှုပ်ရှားနေပုံပေါ်နေပြီး ​အဖြေတိုက်ရင်း ဆူညံနေကြ၏ ။ စာမေးပွဲ ဖြေခါနီးလေ နွေလေရူးအဝေ့မှာ သစ်ရွက်ကြွေလေ ၊ ကဗျာတွေစီပြီး စာထဲ စိတ်မရောက်နိုင်လေ ဖြစ်ခဲ့သော စိမ်းမှာသာ ထိုကောင်မလေးနှစ်ယောက်ကို တိတ်တဆိတ် ကြည့်နေရတော့၏ ။ သူတို့၏ အဖြေတိုက်နေမှုများ ကျေကျေနပ်နပ် ပြီးဆုံးသွားသည့်အချိန်မှ စိမ်းက သူစိတ်လှုပ်ရှားနေရသော အရာကို ထုတ်ပြောလာသည်။

"ငါတို့ .မနှစ်က စီစဥ်ထားတဲ့
အလည်​သွားမယ့်​အစီအစဉ်​ဘယ်​လိုလဲ "

ဝေ ရော၊ ကြွေပါ နှစ်ယောက်သား တိခနဲ အသံတိတ်ကျသွားပြီး စိမ်းထံမှ အကြည့်တို့ကို ရှောင်လွှဲကုန်ကြသည် ။ ပထမတစ်ကြိမ်ကလည်း ငြင်းခဲ့ကြတာမို့ ကြာကြာရှောင်နေလို့ မရတာကိုတော့ သိကြသေး၏။

"​ငါကတော့ အောင်​စာရင်း မထွက်​သေးဘဲ
လွတ်​လွတ်​လပ်​လပ်​ ​ပျော်​နိုင်​မှာလည်း မဟုတ်​ပါဘူးဟာ."

"အင်းလေ .. ဘယ်လောက်ပဲ ပျော်စရာကောင်းနေလည်း စိတ်ပူနေတဲ့ဟာကို ဘယ်လိုပျော်ရမှာလဲ ၊ မပျော်ရဘဲနဲ့လည်း ခရီးမထွက်ချင်ပါဘူး"

​​
ကြွေ နှင့် ဝေ က တစ်လေသံတည်း ထွက်ကျလာပုံဟာ မသိသူများဆိုလျှင် အမြွှာညီအစ်မတွေဟာ သူတို့နှစ်ယောက် ဟု ထင်ကြပေလိမ့်အုံးမည်။ စိမ်းတစ်ယောက် အမှန်တကယ် စိတ်ဆိုးသွားလေတော့သည် ။

"နင်​တို့ကို ချစ်​ရတာ မ​ကောင်းဘူး "

နားရွက်ဖုံးရုံ ဆံပင်တိုတိုများကိုပင်  ရမ်းခါသွားသည်အထိ ခြေဆောင့်ပြီး ထွက်သွားသော စိမ်းကို ကြည့်ကာ နှစ်ယောက်သား တိုင်ပင်စရာမလိုဘဲ ရယ်မောမိကြသည်။ ပုံမှန်အချိန်ဆိုလျှင် စာအုပ်ကြီး တကားကားဖြင့် လူကြီးသဖွယ် ပြုမူတတ်သော်လည်း သူတို့သုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်သော စိမ်းမှာ အမှန်တကယ်ပင် အငယ်ဆုံး ပီသလေသည်။

ရွက်ကြွေ (GL-OC)Where stories live. Discover now