အပိုင်း ၄

10.1K 840 16
                                    

Unicode

အဲ့ဒီညက ညစာထမင်းဝိုင်းတွင် လူစုံတက်စုံ ရှိသည်။ ကြွေ ၊ ကြွေ့မေမေ ပြီးတော့ ကြွေ လသားအရွယ်ကတည်းက အိမ်က ထွက်ခွါသွားရာမှ ငါးနှစ်အကြာမှာ ပြန်ရောက်လာခဲ့သော ကြွေ့ဖေဖေ ။

ကြွေသည် ဖေဖေ့ကို မမြင်ဖူးခဲ့သော်လည်း အဝတ်အစားတချို့ ထည့်ထားသော ပုဆိုးထုတ်လေး တစ်ထုတ်ဖြင့် အိမ်သို့ ရောက်လာခဲ့သော အမျိုးသားကို မြင်သည့်အခိုက်မှာ ဖေဖေဟုပင် ခံစားခဲ့ရသည် ။ ထိုခံစားချက်ကို ကြွေ့မေမေကပင် အတည်ပြုပေးခဲ့၏ ။ စိုက်ခင်းထဲ နေ့စားအလုပ် သွားလုပ်ရာမှ ပြန်လာသော မေမေသည် ဖေဖေ့ကို မြင်သော် ပထမဦးစွာ လုပ်သည်က ဖေဖေ့ကို ထုရိုက်ခြင်းပင် ။ ထို့နောက် ဝမ်းနည်းတကြီး ငိုကြွေးသည် ။ ပြီးတော့ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားခဲ့ပြီး ရှိုက်သံများဖြင့် ပြောလာသည် ။

"တော့်ကို သေပြီလို့ ထင်ခဲ့တာ"

သေပြီဟု အထင်ခံရသော်လည်း ကြွေ့ဖေဖေမှာ ပြုံး၍သာနေ၏။ အခြားယောကျ်ားသားတစ်ယောက်ကို အိမ်၌ မတွေ့ရသောကြောင့် ဖြစ်ပေမည်။

ပိုက်ဆံရှာဖို့ အိမ်မှထွက်သွားသော ဖေဖေ့ထံမှ ပိုက်ဆံ ပါမလာသည်ကို ကြွေ့မေမေကလည်း အပြစ်တင်ချင်ပုံမရ။ ရွာထဲသို့ ခပ်သုတ်သုတ် ထွက်သွားပြီးနောက် ပြန်လာသောအခါ ကြက်အသေတစ်ကောင်ကို လက်မှ ဆွဲလာသည်။ပုံမှန်ဆို ဟင်းကောင်းမပါတတ်သော အိမ်ထမင်းဝိုင်းလေးထဲတွင် ကြက်သားဟင်းဆီပြန်တစ်ခွက် ရှိနေခဲ့သည် ။ မေမေက ထမင်းဟင်းများကို ခူးခပ် ပြင်ဆင်ပြီးနောက် ရေချိုးနေသော ဖေဖေ့ကို စောင့်သည် ။ မျက်နှာမှ အမွေးအမျှင်များကို ဖယ်ရှားပြီးသော် ကြွေ့ဖေဖေဟာ လူချောတစ်ယောက်ပင် ။ ကြွေသည် အိမ်မက်နှင့်တူသော ထိုအဖြစ်အပျက်ကို မယုံကြည်နိုင်စွာ ငေးမောရင်း ပျော်ရွှင်နေခဲ့၏။

ညရောက်သော် ရေနံဆီမီးခွက်လေးကို ထွန်းကာ ဖေဖေနှင့် မေမေက စကားပြောကြ၏။ ငါးနှစ်စာ ဝေးကွာနေခဲ့သော အကြောင်းအရာများဟာ ပြော၍ကုန်မည်မထင် ။ ဖေဖေပြောနေသည့်စကားကို နားမလည်သော ကြွေမျက်လုံးများသည် မှေးစင်းပြီး ငိုက်မြည်းစပြုလာခဲ့သည်။ ထိုအချိန်မှာပင် ရွာထဲမှ လူကြီးတချို့ အိမ်ပေါ် ရောက်လာခဲ့သည် ။ လက်နက်ကိုင်ထားသော လူနှစ်ယောက်အားလည်း တွေ့သဖြင့် ကြွေသည် မေမေ့ လက်မောင်းကို တွယ်ထားကာ နောက်ကျောအကွယ်မှ ချောင်းကြည့်နေခဲ့၏ ။ ဖေဖေက မကြောက်ဖို့ ပြောသော်လည်း ​သေနတ်ကိုင်ထားသောလူများကို ကြွေ ကြောက်နေခဲ့ပါသည် ။

ရွက်ကြွေ (GL-OC)Where stories live. Discover now