အပိုင်း ၂

12.5K 819 17
                                    

Unicode

ကြွေ ရောက်လာပြီးနောက်ပိုင်း စိမ်းတို့ အိမ်လေးက ယခင်ကထက် ပိုပြီး စိုပြေလာခဲ့သလို ရှိသည် ။ ကြွေမရှိခင်ကဆိုလျှင် ကာတွန်းစာအုပ်များဖြင့်သာ အချိန်ကုန်နေရတတ်သော စိမ်းသည် ကြွေရောက်လာသောအခါ အထီးမကျန်တော့ပဲ ကြွေနှင့် ဆော့ကစားဖြစ်ကြသည်။   တစ်ခါတရံတော့ ဘာကိုမှန်းမသိ ငေးမောနေတတ်ပေမဲ့ ကြွေက တွေ့ကာစလိုတော့ အမြဲငိုရှိုက်မနေတော့ပေ ။ မကြာခဏ ရယ်မောနေတတ်သေးရာ ထိုအချိန်များမှာတော့ ကြွေဟာ သာမာန်ကလေးတစ်ယောက်ကဲ့သို့သာ မြင်ရ၏။

ထို့နောက် ဖေဖေက ရာထူးတိုးဖြင့် မုံရွာမြို့သို့ အပြောင်းကျ၏။ ပထမတော့ အိမ်ပါ လိုက်ပြောင်းရန် အစီအစဥ်မရှိသော်လည်း တစ်ခါလေး အလည်လိုက်သွားမိရာက စိမ်းတစ်ယောက် ထိုမြို့က မပြန်ချင်ဖြစ်ကာ အိမ်ပြောင်းဖို့ စတင်ပူဆာတော့သည် ။ ကြွေ့ကို မွေးစားသမီးမှန်း သိကြသော ထိုနေရာဟောင်းလေးကို သဘောမကျ၍လည်း ဖြစ်မည်။ ဖေဖေရော မေမေပါ သဘောတူသဖြင့် နေရာသစ်လေးသို့ ရောက်လာခဲ့ကြလေသည်။

နေရာအသစ်လေးကို ရောက်တော့ ​စိမ်းတို့ နှစ်ယောက်လုံး ကျောင်းစနေရသည် ။ ထိုအချိန်တွင် စိမ်းအသက် ၅နှစ် ကြွေ့အသက် ၆နှစ် ရှိပြီ ဖြစ်သော်လည်း ဖွားစာရင်း မရှိခဲ့ဖူးသော ကြွေ့မွေးသက္ကရာဇ်ကိုပါ ပြောင်းလဲလိုက်တာမို့ခန္ဓာကိုယ်ချင်း သိပ်မကွာသောကြောင့်လည်း ဖြစ်မည်။ မေမေက ဝတ်စုံဆင်တူလေးတွေ ချုပ်ပေးတတ်သောကြောင့်လည်း ဖြစ်မည် အမြွှာညီအစ်မတွေပါဆိုတာ ထူးခြားပြီး လိုက်ပြောနေစရာမလိုပဲ လူတိုင်းက လက်ခံကြလေသည်။

စိမ်းကို ထိုမြို့လေးက မပြန်ချင်တော့အောင် ဆွဲဆောင်လိုက်သော အရာတစ်ခုမှာ ဘာဖြစ်မည်ဟု ထင်ပါသလဲ ။

စိမ်းတို့ ​ကျောင်းစတက်​ရသော နေ့​လေးမှာပင် ထို သဘောကျစရာလေးကို စိမ်းတို့ ကျောင်းဝင်းကြီးထဲမှာလည်း ရှိနေကြောင်း တွေ့ခဲ့ရ၏။

မုန့်စားဆင်းချိန်မှာ ကြွေနှင့်အတူ ကျောင်းဝင်းကြီးထဲ လျှောက်ကြည့်ကြရာက တမာပင်ကြီး တစ်ပင်အောက် အရောက် စိမ်းခြေလှမ်းများက  ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ ဒူးထောက် ထိုင်ချလိုက်၏။

ရွက်ကြွေ (GL-OC)Where stories live. Discover now