အပိုင်း ၁၉

9.1K 720 39
                                    

Unicode

စိမ်း၏ ချစ်သူကောင်မလေး ဖြစ်ပြီးနောက်မှာ မနက်ခင်းဟာ ကြွေ့အတွက် ပိုပြီး သာယာလာသလို စိမ်းဟာလည်း ပိုပြီး အိပ်ပုတ်ကြီးလာသည်ဟု ထင်ရသည်။ ဒီအတောအတွင်း ကြွေနှင့် ပတ်သက်သော ခံစားချက်များကို တွေဝေနေရ၍ ဘယ်လောက်များ အိပ်ရေးပျက်ရက် များနေခဲ့လဲ မသိ ။

"စိမ်း .. ထ​တော့လေ
ဒီ​နေ့မနက်​အိမ်​ပြန်​ရ​တော့မှာ"

ယခုလည်း "အင်း .. ဟုတ်​သား .. " ဟု အသံလေးသာထွက်လာပြီး ၊ မျက်​လုံး​လေးကို ဟိုပွတ်​ဒီပွတ်​လုပ်​လိုက်​ ၊ ဆံပင်​တွေကို ဖွ​နေလိုက်​ လုပ်​နေပါ​သော်​လည်း မျက်​လုံးတွေက ပွင့်မလာတတ်သေး။

မ​နေ့က​​မှ ကြွေ့ကို ချစ်ပါသည်ဟု ဆိုကာ အသက်ရှူမဝသည်အထိ နမ်းရှိုက်ခဲ့သော ထိုလူဆိုးမကြီးဟာ ဘယ်ပျောက်သွားပြီလဲ ။ ကြွေ့ကို သူ့အပိုင်ဟု ဆိုခဲ့သော ကြွေ့ချစ်သူ အသစ်စက်စက်လေးဟာ အခုတော့လည်း လူကြီးပုံဖမ်းဖို့ မေ့လျော့နေခဲ့ပြန်ပါပြီ။

ပုခုံးကနေ မကာ လက်​တွေကို ဆွဲယူပြီး ထ​စေ​တော့မှ အိပ်​မှုံစုံမွှားဖြင့် မျက်လုံးကို ပိတ်တစ်ဝက် ဖွင့်လာပြီး "ငါ့ မျက်​မှန်​ရောဟင်​" တဲ့လေ။ပထမတစ်ခါမှာ စ​တော်​ဘယ်​ရီသီးကို လိုက်​ရှာပြီး ဟော .. အခုတော့ မျက်​မှန်​ရှာ​နေပြန်​ပြီ ။ စိမ်းဟာ အိပ်​ယာက ထတိုင်း တစ်​ခုခု လိုက်​ရှာ​နေတတ်​တာ ဘယ်အချိန်ကတည်းကလဲ ။ ကြွေ့ကို မတွေ့ရင်ရော ဒီလိုပဲ လိုက်ရှာမှာလားဟု တွေးမိတော့ သိမ့်ခနဲ ။

"အခုကျတော့ စ​တော်​ဘယ်​ရီသီး
မရှာ​တော့ဘူးပေါ့လေ ၊ "

​​ရယ်ချင်တစ်ဝက်ဖြင့် ထိုသို့ စနောက်တော့ စိမ်းက မျက်လုံးလေး ဖွင့်တစ်ဝက် မှိတ်တစ်ဝက်ဖြင့်ပင် ကောက်ကျစ်စွာ ပြုံးလာသည်။

"စ​တော်​ဘယ်​ရီသီးက မရှာ​တော့ဘူး
ရှာစရာလည်း မလိုတော့ဘူး ငါအပိုင်​ရသွားပြီ​လေ "

ပြောပြောဆိုဆိုပင် လျှင်မြန်လှသော အရှိန်ဖြင့် ကြွေ့နှုတ်ခမ်းကို လိပ်ပြာလေးတစ်ကောင် လာနားသလို ဖျတ်ခနဲ နမ်းလိုက်တာမို့ ရှောင်ချိန်ပင်မရလိုက် ။ အချိန်ရလျှင်ရော ကြွေက ရှောင်မှာမို့လို့လား ။ သို့သော်လည်း စိမ်း ဟာ ထိုအချိန်အထိ သွားမတိုက်ရသေးဘူး မဟုတ်လား ။ ထိုအတွေးရတော့ စိမ်းက ရေချိုးခန်းတံခါးဝသို့ပင် ရောက်နေပြီ ။

ရွက်ကြွေ (GL-OC)Where stories live. Discover now