အပိုင်း ၈

9.1K 736 20
                                    

Unicode

ကျောင်းပိတ်သွားပြီ ဖြစ်သောကြောင့်သာ တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက ကြွေ့ကို ဘယ်လိုများ မျက်နှာချင်းဆိုင်ရပါမည်တဲ့လဲ။ မဟုတ်သေးပါဘူး အဲ့ဒါထက် မိကြွေကို သတိရစိတ်က လွန်ကဲနေပြန်တာပဲ မဟုတ်လား။

စိတ်ရှုပ်လွန်းသဖြင့် ထမင်းစားချိန်မှလွဲ၍ အပြင်မထွက်ဘဲ အခန်းအောင်းနေဖြစ်သည်။ ဖေဖေ နှင့် မေမေ က နေမကောင်းဖြစ်နေသလားဟု စိတ်ပူနေခဲ့သေးသော်လည်း အဆင်ပြေနေပုံလည်း ရသဖြင့် အရွယ်ရောက်လာသော မိန်းကလေးတစ်ယောက်၏ ကိုယ်ပိုင်နေရာလေးကို လေးစားပေးကာ ဘာမှ ထပ်မမေးကြတော့ ။

"သမီး​ရေ .. ဒီမှာ
သမီးသူငယ်​ချင်း​တွေ​ရောက်​နေတယ်​"

သူငယ်ချင်းတွေ။ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ စိမ်းနှင့် ကြွေကလွဲလို့ ဝေ့မှာ ဘယ်က သူငယ်ချင်းများ ရှိနေသေးလို့လဲ ။ ထူးထူးဆန်းဆန်း ထိုညီအစ်မနှစ်ယောက်ဟာ ဝေ့အိမ်ကို ဘယ်တုန်းကများ ရောက်လာဖူးလို့လဲ ။ မေးခွန်းများကို အသာထား ၊ အခု ကြွေနှင့် တွေ့ရတော့မည် ။ ဘာလုပ်ရမလဲ ။ ဝေ ဘာကို အရင်လုပ်ရမည်လဲ ။

"သမီးရေ "

"လာပြီ ..​ဖေ​ဖေ​ရေ .. "

လာပြီဟု အော်​လိုက်​ပေမယ့်​ မနက်စာစားပြီးကတည်းက အခန်းအောင်းနေတာမို့ မျက်နှာက ပြောင်ရှင်းလွန်းနေသည် ။ ​​မှန်တင်ခုံပေါ်က မိတ်​ကပ်​အမှုန့်​လေးကို မျက်နှာပေါ် မသိမသာ ပွတ်​လိုက်​ရင်း ၊ ရှုပ်​ပွ​နေသည့် ဆံပင်​ကို ဘီးလေးနှင့် သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် တစ်​ချက်​နှစ်​ချက်​ဖြီးပြီးမှ အခန်းထဲက ထွက်​ဖို့ပြင်​ရ​လေ​သည်​။ အခန်းဝ​ရောက်​နေကာမှ ရေ​မွှေးက​ပြေးဆွတ်​ရ​သေးသည်။ ပျာယာခပ်​နေပုံဟာ ရည်းစားက .အိမ်​အလည်​လာသည့်အတိုင်းဟု တွေးမိတော့ ပြုံးစိစိဖြစ်သွားသည် ။ မိကြွေသာ ဝေ့ရည်းစားသာဆို ဘယ်လိုနေမလဲ ။

"ဟဲ့ .. နင်​ကလည်း .. ကြာလိုက်​တာဟာ "

ဧည့်​ခန်းထဲ​ရောက်​သွား​တော့ ထင်သည့်အတိုင်း စိမ်းနှင့် ကြွေကို တွေ့ရသည်။ စိမ်းက ဖေဖေနှင့် စကားလက်ဆုံကျလျှက်ရှိသော်လည်း ကြွေကတော့ စောင့်ရတာကြာ၍ စိတ်မရှည်ကြောင်း ပြောလာသည် ။ စူပုတ်ပုတ်ကြွေဟာ ချစ်စရာကောင်းလိုက်လေခြင်း။

ရွက်ကြွေ (GL-OC)Where stories live. Discover now