အပိုင်း ၂၄

8.3K 585 26
                                    


Unicode

တံခါးပေါက်မှ အစပါးလေးကို ဆွဲဖယ်​ပြီး တွဲလက်​ချင်း မြဲမြံ​နေ​အောင်​တွဲထားသည့် ထိုစုံတွဲ ထွက်​အလာ ။

"Congratulation စိမ်း ..​ကြွေ "

အဖြူဆွတ်ဆွတ် ဂါဝန်အရှည်လေးနှင့် သတို့သမီးအရံ​လေးအဖြစ်​ လှပစွာ ကြိုဆိုနေသူက ဝေ ။ ဝေက သူ့လက်ထဲမှ ပန်းစည်းကို ကြွေ့ထံသို့ လှမ်းပေးလာ၏ ။ ဝေ့ကိုတော့ တကူးတကပင် ဖိတ်ထားခဲ့ပေမဲ့ လာလိမ့်မည်ဟု ထင်မထားတာကြောင့် ကြွေက ဝမ်းသာလွန်း၍ မျက်​ရည်​ဝဲ​တော့ ဝေက ထိုမျက်ဝန်းများကိုပင် ဆက်မကြည့်ရက်နိုင်စွာ အကြည့်ကို စိမ်းထံသို့လွှဲလိုက်သည်။

"အခမ်းအနားမှူးက ဘယ်​သူလဲဆိုတာ
စိမ်း .. ကြည့်​လိုက်​ပါအုံး "

နှစ်ယောက်သား လှည့်ကြည့်​မိလိုက်​တော့ စိမ်းကို လက်​မ​လေး​ထောင်​ပြလာပါသည့် ဆရာကြည်​သာ ။ စိတ်လှုပ်ရှားနေခဲ့သောစိမ်းသည် ဟက်ဟက်ပက်ပက်ပင် ရယ်မောမိသွား၏။ မထင်မှတ်ထားဘဲ ဆရာက အခမ်းအနားမှူးတဲ့လေ။

ပွဲခင်းထဲသို့ လှမ်းကြည့်​လိုက်​တော့လည်း ပုံမှန် မင်္ဂလာတစ်ပွဲစာလောက်တော့ မရှိပေမဲ့ ချထားသော ခုံတန်းလေးမှာတော့ လူတွေပြည့်နေသည်။ ဖေဖေ ၊ မေမေနှင့် ၊  ထိုဦးလေးကြီးကလွဲပြီး ကျန်လူများမှာ တစ်ခါမှ မတွေ့ဖူးသော သူများဖြစ်ကြသည်။ မင်္ဂလာပွဲသည် မင်္ဂလာပွဲတစ်ခုဆိုသသည်ထက် event တစ်ခုဖြင့်ပင် တူနေသေးတော့သည်။

သူတို့ မသိသော လူအများကြီး​က ပြုံးနေခဲ့ကြပြီး သူတို့ရှေ့မှာပင် ကတိသစ္စာ​တွေ တိုင်​တည်​ကြသည်။

"အမြဲတမ်း ငါ့အနားမှာ ရှိနေပေးခဲ့တဲ့
ချစ်လှစွာသော ငါ့ရဲ့ စိမ်း .. ငါ့မှာ နင်ရှိနေသရွေ့
ဘယ်နေရာကိုပဲဖြစ်ဖြစ် အတူတူကျော်ဖြတ်ရဲတာမို့ ဘယ်လိုဒုက္ခမျိုး ၊ အခက်အခဲမျိုးကိုပဲ ကြုံရပါစေ နင့်ဘေးနားမှာ အမြဲရှိပြီး အားအင်လေးဖြစ်ပေးပါမယ်လို့ ကတိပေးပါတယ်"

ထိုစကားကို ဆိုနေရင်း ကြွေက မျက်ရည်ဝဲတော့ စိမ်းက ပြုံးပြီး ငေးကြည့်လာသည်။ "မငိုပါနဲ့" ဟူ၍လည်း နှုတ်ခမ်းလှုပ်ရုံမျှ ပြော၏။

ရွက်ကြွေ (GL-OC)Where stories live. Discover now