အပိုင်း ၂၆

9.1K 648 39
                                    

Unicode

"စိမ်း .. စိမ်း .. "

နားထဲမှာ တိုးသဲ့​သော ခေါ်သံ​လေး ကြားလိုက်​ရသည့်အချိန်လေးမှာ အားယူပြီး မျက်​လုံးဖွင့်​ကြည့်​လိုက်တော့ မျက်​နှာကြက်​ဖြူဖြူကိုသာ မြင်​ရ၏။

"စိမ်း သတိရလာပြီ"

လက်ဖဝါးမှ နူးညံ့သော အထိအတွေ့လေးကြောင့် ဘေးကိုကြည့်မိလိုက်တော့ ကြွေ့ကို အထိအခိုက်မရှိဘဲ တွေ့လိုက်ရသည်။

"အခု ငါတို့​နှစ်ယောက်လုံးသေသွားပြီး
နတ်​ပြည်​ရောက်​နေကြတာလားဟင်​ ​ကြွေ "

​ကြွေ က စိမ်း ကို ချစ်​စနိုး​လေး ရှိလျှက်က "ဘယ်လို ထင်လို့လဲ" ဟု ပြုံးစစဖြင့်ပင် မေးလာသည်။ စိမ်းမှာ ခေါင်းသာယမ်းပြနိုင်၏။ 

"ဟုတ်​ပါ့မလား စိမ်းရဲ့ ၊နတ်​ပြည်​မှာဆို
ဒီလို​အပ်​တွေ​ ၊ဆေးပုလင်း​တွေ ရှိမယ်​ထင်​လို့လား "

ဟုတ်​သားပဲ ။ စိမ်း လက်​ဖျံက​ သွေး​ကြောထဲမှာ ဆေးပိုက်လေးတစ်ချောင်း စိုက်​ထားပြီး​ ဆေးပုလင်းထဲမှ ဆေးရည်​တွေ တစက်​စက်​ ကျ​နေသည်​။

"​စိမ်း သတိရပြီ လို့
ဆရာဝန်​ကို သွား​ပြော​ပေးရမလား "

ဆေးရုံရောက်နေတာပဲ။ ဟိုလူတွေကရော ၊ ဘယ်လို ဖြစ်သွားကြပြီလဲ ။ ကြွေကရော ၊ ပုံမှန်အတိုင်း ပြုံးပြုံးလေး ရှိနေပုံက အထိအခိုက်အရှအနာ ရှိထားပုံမရ ။

"​ကြွေ ခဏလေး
အခု ဘာ​တွေ ဖြစ်​နေတာလဲဆိုတာ ငါ နားမလည်​တော့ဘူး "

"ခဏနေရင်​ ရှင်းသွားပါလိမ့်​မယ်​"

ကြွေပြောသလို ခဏအကြာမှာတော့ အရာအားလုံးကို အထုတ်ဖြေပြဖို့ မထင်မှတ်ဘဲ ရောက်လာသူက ဝေ ဖြစ်နေသည် ။

"ဝေ နင်​က ဒီကို ဘယ်​လို​"

ဝေက စိမ်းအနားကို သေချာထိုင်ကာ ပုံမှန်အသိစိတ် ဟုတ် မဟုတ် စစ်ဆေးသည်။ ပုံမှန်အတိုင်း ရှိနေပြီဆိုတာ သေချာမှ ဖြစ်ကြောင်းရယ် ကုန်စင်ကို ရှင်းပြရ၏။

"ဒီလိုဟာ
အင်း .. အဲ့ဒီအချိန်လောက်တုန်းက
ငါနဲ့ ကြွေ ဖုန်းပြောနေခဲ့ကြတယ်မှလား ၊ ရုတ်တရက်ကြီး ဘာသံမှ မကြားရတော့တာလေ"

ရွက်ကြွေ (GL-OC)Where stories live. Discover now