အပိုင်း ၂၃

8.4K 657 28
                                    

Unicode


"​ဖေ​ဖေ"

"ဘာလို့ အခုလို ဆုံးဖြတ်​ကြတာလဲ "

တံခါးရှေ့ ရပ်နေသော ​ဖေ​ဖေ့မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်များကို တွေ့ရပြီး ယူကြုံးမရ နှ​မြောတသစွာ ပြော​လာသည်​။ သစ္စာဖောက်ခံရသူတစ်ယောက်၏ ဟန်ပန်မျိုး ။

"ဖေဖေတို့ သဘောမတူလည်း သမီးကတော့ ကြွေ့ ကို အဆုံးရှုံးမခံနိုင်​တာမို့ ဒီလို သမီးမျိုး မလိုအပ်ဘူးဆိုလည်း သေလူလို့သာ သတ်​မှတ်​ပြီး
မမြင်​ဟန်​ဆောင်​ပေးပါ ..​ဖေ​ဖေ "

"စိမ်း"

စိမ်းထံမှ ပြတ်သားလွန်းသော စကားကြောင့် ဖေဖေ့ကို အားနာမိသွားကာ လှမ်းဟန့်မိသော်လည်း ကြွေကိုယ်တိုင် နောက်ဆုတ်ဖို့ စိတ်ကူးများတော့ မရှိပေ။ ဖေဖေ့အတွက်တော့ စိမ်းဟာ ရူးမိုက်သော သမီးမိုက်တစ်ယောက် ဖြစ်နေနိုင်လည်း ကြွေ့အတွက်တော့ လောဘတက်စရာ ချစ်ရသူတစ်ယောက်မို့ ခေါင်းကို တွင်တွင်ငုံ့ထားမိသော်လည်း စိမ်း၏ လက်ချောင်းများကိုတော့ မလွတ်ဖြစ် ။ စိမ်းကလည်း ဘယ်​တော့မှ ကြွေ့
လက်​လွှတ်​မှာမဟုတ်​ဘူးဆိုတာ ယုံကြည်​သည်​။

"ဟင်း ..."

ဖေဖေ့ထံမှ သက်ပြင်းမောတစ်ခု ချလိုက်သံကို ကြားရသည်။ ဖေဖေ့ရှေ့မှာ အချိန်အကြာကြီး ရပ်နေရပါက ကြွေ အရှုံးပေးမိတော့မည်။

"ဖေဖေ သမီးတို့အကြောင်းကို သေချာလေး
စဥ်းစားခဲ့တယ် ။ ချက်ချင်းတော့ ဘယ်လက်ခံနိုင်ပါ့မလဲ ၊ သမီးတို့နဲ့လည်း စကားပြောချင်သေးတာမို့ လာခဲ့တာ အခုလိုမြင်လိုက်ရတာပဲ"

ကြွေ့ထံမှ "တောင်းပန်ပါတယ်" ဟူသော စကားကလွဲပြီး ပြောစရာမရှိတော့။ သို့ပေမဲ့ မှားသွားပါပြီဟူ၍တော့ ဘယ်တော့မှ ပြောမှာမဟုတ်တာကို ဖေဖေလည်း ရိပ်မိပုံရသည်။

"တခြားအရာတွေထက် ဖေ​ဖေက​တော့
ဖေ့သမီး နှစ်​ယောက်​ကို အဆုံးရှုံးမခံနိုင်​ဆုံးပဲ
အဲ့ဒီအတွက်​ ဖေ​ဖေ​ပြောတာကို​သေချာနား​ထောင်​ကြည့်ပြီးမှ ဖေ​ဖေ့ အကြံအစည်​ကို လက်​ခံမလား ၊ အရင်​အစီအစဉ်​အတိုင်းဖေ​ဖေ့ ကို ထားသွားကြမလား ၊ သမီးတို့ဆုံးဖြတ်​ပေါ့လေ "

ရွက်ကြွေ (GL-OC)حيث تعيش القصص. اكتشف الآن