အပိုင်း ၂၀

9K 671 28
                                    

Unicode


ခရီးက အသီးသီး ပြန်ရောက်ကြပြီးနောက်ပိုင်း အတွေ့အကြုံ ပြန်ဖလှယ်ကြမည်ဟု ပြောထားကြပေမဲ့ ကြွေ့ကို ဆက်သွယ်ရမည့်အရေး ဝေ တစ်ယောက် ချီတုံချတုံ ဖြစ်နေသဖြင့် ကျောင်းဖွင့်မှသာ ပြန်တွေ့ကြတာ ဖြစ်သည် ။

ယခင်ကလောက် မဆူညံဖြစ်တော့ပေမဲ့ ကြွေ့အနားမှာပင် ဆက်ရှိနေဖြစ်ခဲ့ပြီး ကြွေ့ထံမှ တစ်ခုခု ပြောင်းလဲလာခြင်းကိုလည်း ဝေ မြင်လာရသည်။

"​ရွက်​ကြွေ
ကျွန်​တော်​.. ရွက်​ကြွေ ကို ချစ်​လို့ အဲ့ဒါ "

တည့်တိုးကြီး ရည်းစားစကားပြောခံရသော်လည်း ကြွေဟာ အရင်လို တုန်လှုပ်မနေတော့ပေ ။ လုံးဝကို တည်ငြိမ်နေသော အသွင်ကိုဆောင်ကာ ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။

"ဟုတ်လား
ချစ်​နေတာများ ချစ်​ပေါ့ ၊ ကိုယ့်စိတ်နဲ့ကိုယ် ချစ်တာပဲလေ ၊ ကျွန်မ တားလို့ရတဲ့အရာမှ မဟုတ်​ဘဲ ၊ ဒါပေမဲ့ ကျွန်မကတော့ ပြန်မချစ်နိုင်တာ အသေအချာပါပဲ "

ယဥ်ယဥ်ကျေးကျေးလေးပင် ငြင်းဆန်သော်လည်း လူတစ်ယောက်ကို ကြွေက တစ်ခါငြင်းလိုက်တိုင်း ဝေ့မှာ နေစရာမရှိသလို ခံစားရသည်။ ဝေသာ ဖွင့်ပြောမိရင် ကြွေဟာ ဒီလိုပဲ ငြင်းမှာ မဟုတ်လား ။ သို့သော် ယောကျ်ားများကို ရှောင်မပြေးဘဲ ထိုကဲ့သို့  သတ္တိရှိရှိငြင်းလာနိုင်သော ကြွေ့ပုံစံလေးကိုတော့ ဝေဟာ ပို၍ သဘောကျရပါသည်။

"​ကြွေ .. အရမ်း​တော်​တာပဲ "

ဝေက လက်မလေး ထောင်ပြသည့်အခါ ကြွေကာ မျက်နှာလေး မအီမလည် ဖြစ်သွားသည်။ 

"အဆင်ပြေတယ် မဟုတ်လား
တကယ်တော့ ငါနည်းနည်းတော့ စိတ်ပူနေတာ
တော်သေးတာပေါ့ .. အနားမှာ နင်ရှိနေပေးလို့ "

နင်ရှိနေပေးလို့ ။ ထိုစကားတစ်ခွန်းဟာ ဝေ့ကို အတင့်ရဲစေတာ ကြွေ မသိဘူး မဟုတ်လား။

"​ကြွေ .. ငါ​လေ ... "

ဒွီ!!!

"ဖုန်းလာ​နေလို့ ခဏလေးနော် ဝေ"

ဖုန်းမှန်ပြင်က အစိမ်းရောင် အသည်း စတစ်ကာလေးကို ကြည့်ကာ ပြုံးနေသော ကြွေ့မျက်နှာလေးကို မြင်မှ ဝေဟာ သူ့စကားကို ဆက်မပြောလိုက်ရခြင်းကို ကျေးဇူးတင်မိသွား၏။

ရွက်ကြွေ (GL-OC)Where stories live. Discover now