အပိုင်း၂၅

8.3K 608 33
                                    

Unicode


"​ဒေါက်​..​ဒေါက်​..​ဒေါက်​"

"ဘယ်​သူလဲ ."

"ကျွန်​တော်​တို့ ဘန်​ဂလို​လေးရဲ့ ဝန်​ထမ်း​တွေပါ လိုအပ်​တာ​လေး​တွေ လာ ပို့တာပါ "

ဘာကိုမှ မမှာထားပါဘူးဟု တွေးတောနေရင်းမှပင် ရည်​မွန်​သည့်  အမျိုးသား တစ်​ယောက်​၏ အသံမို့ ဘာကိုမှ သံသယမရှိခဲ့သည်ကပင် စိမ်း၏ တုံးအမှုများဖြစ်၏ ။ ​ကြွေ့ကို ကြည့်မိတော့ ဝေနှင့် ဖုန်း​ပြော​နေတာ မြင်လိုက်ရသည်မို့ စိမ်းကိုယ်တိုင်ပင် တံခါးထ ဖွင့်​ပေးလိုက်​မိသေးသည်။

ထိုလူများကို မြင်သောအခါမှာတော့ ကြောင်အမိသွား၏။ အခန်းရှေ့တွင် ရပ်နေသော ဝန်​ထမ်းဝတ်​စုံဖြင့် လူ နှစ်​ယောက်​ထဲက တစ်​ယောက်​ကို စိမ်း သိနေသည်​ပဲ ။ ကြွေ့ကို သဘောကျလှပါသည်ဟု ဆိုကာ မိဘတွေခေါ်ကာ ရောက်လာခဲ့သူ။ ထိုလူက ​ဖေ​ဖေ့ အထက်​လူကြီး၏ သား ဖြစ်နေပြီး ဒီကို ဘယ်​လို​ရောက်​လာတာလဲဆိုတာ သံသယ ဝင်​မိချိန်​မှာ​တော့ နောက်​ကျသွားခဲ့ပြီ။

အခန်းထဲကို အလျှင်အမြန် ဇွတ်တိုးဝင်​လာကြပြီး
ကျန်​တစ်​ယောက်​က တံခါးကို ဂျက်က်​ချလိုက်​သည်​။

"ခင်​ဗျား .. ဒါ .. ဘာလုပ်​တာလဲ .. "

အိမ်မှာ မြင်ခဲ့ဖူးသလို ထိုလူ၏ လှောင်ပြုံးများကို ထပ်မြင်လိုက်ရပြန်သည်။

"ဘာ​တွေ​လော​နေတာလဲ
သိချင်​ရင်​စောင့်ကြည့်​ပေါ့ "

စိမ်းကိုတော့ ထိုမျှလောက်သာ ပြောပြီး ​ကြွေ့ ကိုသာ တပ်​မက်​လွန်းစွာ ကြည့်​နေ၏။ တစ်ကိုယ်လုံးကို ကြည့်နေပုံက ဝါးမြိုတော့မတတ်မို့ ကြွေဟာ သူကိုင်ထားဆဲဖုန်းလေးပင် လွတ်ကျသွားရှာသည်။ နေရာမှာတင် ကြက်သေ သေနေကာ ကြောက်လန့်နေသော ပုံစံလေးကို ဒီနှစ်တွေအတွင်း မတွေ့ရသည်ပင် အတော်ကြာခဲ့ပြီး ထပ်တွေ့လိုက်ရ၏။

"ငါ့လူကို
အဲ့လို ကြည့်​စရာမလိုဘူး "

ကြွေ့အရှေ့ ပိတ်ရပ်မိတော့ စိမ်းကို တွန်းဖယ်လိုက်ရာ အသာလေး လဲကျသွား၏။

"ဟာ နားညီးတယ်​..
​ဟျောင့် သားကြီး မင်း သူ့ကို ကြိုက်​သလိုလုပ်​လို့ရတယ်​ ပါးစပ်​ပိတ်​သွားရင်​ပြီး​ရော ၊
ငါက ရွက်​ကြွေကိုပဲ စိတ်​ဝင်​စားတာ သူလာမနှောင့်ယှက်စေနဲ့ "

ရွက်ကြွေ (GL-OC)Hikayelerin yaşadığı yer. Şimdi keşfedin