အပိုင်း ၁၇

9K 709 19
                                    


Unicode

ကြွေတို့အိမ်က မိသားစုလိုက် ​တောင်​ကြီးသို့ အလည်​အပတ်သွားကြမည်​ဟု ကိုကိုကြည်သာဆီက ပြန်သိရတော့ ဝေလည်း လိုက်​သွားချင်​သည်​။

ဖေဖေကလည်း သူ့ project တစ်ခုအတွက် ကချင်ပြည်နယ်ဘက်က ရွာလေးတစ်ရွာသို့ သွားကြမည်ဟု ပြောထားသဖြင့် ဝေက တခြားတစ်ခုကို သိပ်မပူဆာချင်ပေမဲ့ အကယ်၍ ကြွေသာ  "ဝေရယ် နင်လည်း လိုက်ခဲ့ပါလား" ဟု ဆိုလျှင် ဘာကိုမှ တွေးမနေတော့ဘဲ ချက်ချင်း ထလိုက်ဖြစ်မည်မှာ ကျိန်းသေပေါက်။ သို့သော် စိမ်းသာ ထိုအကြောင်းကို ဖုန်းဆက်၍ ပြောပြီး ကြွေကတော့ ဘာတစ်ခွန်းမှ မဆိုတာမို့ စိတ်နာရပြန်သည်။

ဝေ မေ့နေခဲ့တာပဲ ဖြစ်မည်။ ကြွေဟာ သူ့ကမ္ဘာမှာ စိမ်းကလွဲပြီး ဘာကိုများ ဂရုစိုက်ဖူးလို့လဲ ။ အဲ့ဒါက သူငယ်ချင်းဖြစ်သော ဝေ ဆိုလျှင်တောင်မှပေါ့ ။ အမှန်တရားဆိုသည်က ဘာများကောင်းလို့လဲ ။ ခါးသက်လွန်းသဖြင့် သိမသွားချင် ။ သိနေတော့လည်း ထိုခါးသက်သော အမှန်တရားကိုပင် လက်ခံဖို့ ပြင်ဆင်ရတော့၏။

"ငါ မလိုက်တော့ဘူး
ငါလည်း ပျော်ခဲ့မှာမို့ ၊ နင်တို့လည်း အေးဆေးပျော်ခဲ့ကြ ၊ ပြန်တွေ့ကြမှ အတွေ့အကြုံ ပြန်ဖလှယ်ကြမယ်လေ ၊ မကောင်းဘူးလား "

ထိုအခါမှ ကြွေက "ကောင်းသားပဲ"ဟု သံယောင်လိုက်ဖော်ရသည်။ ကောင်းလိုက်သည့် သူငယ်ချင်းချစ်ရသူလေးပါပဲ ။

အနည်းငယ်တော့ စိတ်ထဲ ခုသွားရသဖြင့် ဝေတို့လည်း ခရီးထွက်ရမှာပဲ ။သူတို့နဲ့ ဘာများ ကွာခြားသွားလို့လဲဟုလည်း ခပ်နာနာ ဖိတွေးဖြစ်သည် ။ ​ထိုခရီးနှစ်ခုဟာ အနည်းငယ်တော့ ကွားခြားလိမ့်မည်ဆိုတာကို ရထားပေါ် တက်ရကတည်းက စပြီးတွေးနေမိ၏ ။

မန္တလေးဘူတာမှ ဝေတို့ စီးလာသော အမြန်ရထားလေးဟာ အညာ​မြေ ကို​လွန်​ခဲ့ပြီး​နောက် နယ်ခြားမှတ်တိုင် တစ်ခုအရောက်မှာ လေထုက ရုတ်တရက်ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည် ။ ပူပြင်းသော လေပူတွေ မဟုတ်တော့ဘဲ ရုတ်တရက် အေးမြသွားသဖြင့် အပြင်ဘက်သို့ ငေးကြည့်မိတော့ အပင်စိမ်းစိမ်းများကို မျက်စိတဆုံးတွေ့ရသည်။

ရွက်ကြွေ (GL-OC)Where stories live. Discover now