အပိုင်း ၁

32K 1.1K 28
                                    

Unicode



စိမ်း မျက်စိရှေ့က​ကောင်​မ​လေးသေးသေးလေးကို​သေချာ ကြည့်​နေမိသည်​။ ကြည့်​ရတာ စိမ်း နှင့် ရွယ်​တူပဲ ရှိ​နေလိမ့်အုံးမှာ။​ရောက်​လာသည့် အချိန်ကတည်းက ဘာစကားတစ်ခွန်းမှ မ​ဆိုပဲ ကြိတ်​ငိုရှိုက်​နေလိုက်​တာများ တစ်ချက်တစ်ချက်ဆို ရှိုက်​သံ​လေး​ပင်ထွက်လို့ ။ ခန္ဓာကိုယ်​သေး​သေး​လေးက တုန်​လှုပ်​နေ​သေးတာဟာလည်း တစ်စုံတစ်ရာကို ကြောက်ရွံထိတ်လန့်နေပုံလည်း ရသေးသည် ။

စိမ်း​ဖေ​ဖေ ၏ စကားအရ​တော့ ထို​ကောင်​မ​လေးက​ဖေ​ဖေ တာဝန်​ကျသွားသည့် ရွာ​လေးကတဲ့ ။ စစ်​ဆရာဝန်​ဖြစ်​တဲ့ စိမ်းဖေ​ဖေ တာဝန်​ကျသွားသည့် မြန်​မာနိုင်​ငံ​မြောက်​ပိုင်းက ထိုဒေသ​လေးက မငြိမ်းချမ်းဘူးဆိုတာ တီဗွီက​နေ​နေ့တိုင်းမြင်​နေကျမို့ စိမ်း သေချာသိပါသည်​။ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ပွဲများမှာလည်း မပြတ်တမ်း ရှိနေတတ်၏ ။

​လေးနှစ်​သမီးသာ ရှိ​သေးသည့် စိမ်း၏ ဦး​နှောက်​သေး​သေး​လေးကတော့ အဓမ္မပြုကျင့်​ခံရသည် ဆိုသည့်စကားကို အတိအကျ နားမလည်​မိ​ပေမဲ့​ကောင်​မ​လေး ၏ ထိတ်​လန့်​တုန်​လှုပ်​နေမှုကို ကြည့်​ရင်းနှင့် စိမ်းပါ​ရောယောင်ပြီး ငိုချင်​လာ​တော့တာပင်​။

ပြီး​တော့​စိမ်းဖေ​ဖေ က​ပြော​သေးသည်။​ကောင်​မ​လေး၏ အ​ဖေ နှင့် အ​မေကို​ဓားပြတွေက သတ်​သွားပြီး အိမ်​ကို မီးရှို့ပြီးမှ
​ကောင်​မ​လေး ကို လူမဆန်​စွာ ပြုမူခဲ့ကြသည်​တဲ့ ။​ဖေ​ဖေ က သနားတာမို့ အိမ်​ကို​ခေါ်လာခဲ့တာတဲ့ ။

တခြားအကြောင်းအရာများကို တိတိကျကျ နားမလည်​ပေမယ့်​ကောင်​မ​လေးမှာ အ​ဖေ နှင့် အ​မေ မရှိ​တော့တာမို့​တစ်​ယောက်​တည်း​ကြောက်​နေရှာမည်ဆိုတာကို စိမ်း၏ စိတ်ကလေးထဲ ခံစားမိတာကြောင့် ဖေဖေ့ထံမှ ခွင့်တောင်းလိုက်မိ၏ ။ 

"​ဖေ​ဖေ့ သူ့ကို
သမီးတို့နဲ့ အတူ​ခေါ်ထားရ​အောင်​နော်​"

အိမ်အထိ ခေါ်လာပြီးမှ ဇနီးနှင့် သမီးဖြစ် မကြည်ဖြူမှာ စိုးရိမ်နေပုံရသော ဖေဖေက ယခုမှ စိတ်သက်သာသွားသယောင် စိမ်းကို ပြုံး၍ ကြည့်လာသည်။

ရွက်ကြွေ (GL-OC)Where stories live. Discover now