အပိုင်း ၂၇ ( ဇာတ်သိမ်း )

15K 930 76
                                    

Unicode

အဖြစ်အပျက်များအားလုံးဟာ ရုပ်ရှင်တွေထဲကလို အဆင်ပြေပြေပြီးဆုံးသွားသည်ဟူ၍တော့ ဘယ်သောအခါမှ ရှိမည် မဟုတ်ပေ။

ကြွေတို့ကို အန္တရာယ်ပြုခဲ့သော ကောင်လေးဟာ ဒဏ်ငွေပေးဆောင်ခြင်းဖြင့်သာ အပြစ်ခံယူရပြီး လူ​တွေမေ့ပျောက်သွားသည်အထိ နိုင်ငံခြားထွက်သွားခြင်းဖြင့် သူ့အပြစ်များ မရှိတော့ဟု ထင်နေလေမည်လားမသိ ။ သို့သော် ထိုအတိုင်းသာ ဖြစ်ပျက်သွားခဲ့ပြီး အချိန်အနည်းငယ် ကြာလာသောအခါ ထိုကိစ္စသည် ဖြစ်ပျက်မသွားသကဲ့သို့ပင် မှေးမှိန် ပျောက်ကွယ်သွားတော့၏ ။

အချိန်အနည်းငယ် ကြာပြီးနောက် ကြွေ တို့လည်း  Posting ဝင်​ဖို့ ပြင်ဆင်ရသည်။ ထိုအခါ စိမ်းကတော့ ပြောပါသည်။

"​ကြွေက ဆရာဝန်​မကြီး ဖြစ်​လာလို့​တော်​သေးတယ်​ မဟုတ်​ရင် ငါက အလုပ်မရှိတာနဲ့
ဘာနဲ့များ စားသောက်ကြမလဲ နော် .. "

ထိုကဲ့သို့ စနောက်တတ်သည့် စိမ်း၏ စာအုပ်တစ်အုပ်မှ ရနိုင်သည့် ဝင်ငွေဟာ ကြွေတို့လို အစိုးရဆရာဝန်တစ်ယောက်၏ လစာနှင့်တော့ နှိုင်းယှဥ်၍ပင်မရ ။ စိမ်းသည် ထိုမျှလောက်ပင် အောင်မြင်နေခဲ့ပြီး ဖြစ်၏။

"စိမ်း ငါ Posting ဝင်​ဖို့
ဘယ်​ကို ဦးစား​ပေးတင်​ရင်​ကောင်းမလဲ "

စာ​ရေး​နေသည့် စိမ်း ကို လှမ်း​မေးလိုက်​တော့
စိမ်းက သူ့​ရေးလက်​စ​လေးကို ရပ်​တန့်လိုက်​သည်​။ ထိုကဲ့သို့ အချိန်မျိုးမှာ စိမ်းက ချစ်စရာအကောင်းဆုံးဖြစ်သည်။ ကြွေ့ကို ဘယ်တော့မှ အထီးမကျန်စေရဟူသော သူ့ကတိလေးကို တည်ဖို့ စာရေးခြင်းဟာလည်း အဟန့်အတား မဖြစ်စေခဲ့ပါ ။ ​ကြွေ့​လောက်​တော့ ဘယ်​အရာမှ အ​ရေးမကြီးဘူးဟူ၍ ပြန်​ပြော​နေကျ ဖြစ်သည်။ စိမ်း၏ ထိုစကားကိုသာ သူ့စာဖတ်ပရိတ်သတ်များ ကြားလျှင်ဖြင့် ကြွေတော့ ကောင်းကောင်းကြီး မေတ္တာပို့ခံရတော့မည်။ အခုလည်း စိမ်းက သူ၏ စျာန်ဝင်နေခြင်းအစား ကြွေ့စကားကို အလေးအနက်ထားစဥ်းစားနေကာ နောက်ဆုံးတော့ အဖြေတစ်ခု ရလာဟန်ရှိသည်။

"ဘယ်​နေရာကိုပဲဖြစ်ဖြစ်ပါ
ငါက နင်​သွားတဲ့​နောက်​ကို လိုက်​ခဲ့မှာ "

ရွက်ကြွေ (GL-OC)Where stories live. Discover now